အိန္ဒိယက မြန်မာပြည်မှာ တံတား ၆၉ စင်းဆောက်ခွင့်ရ

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်သွယ် မယ့် အဝေးပြေးလမ်းမဖောက်လုပ်ရေး လုပ်ငန်းရဲ့ တစိတ်တဒေသအဖြစ် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ တံတား ၆၉ စင်းဆောက် လုပ်ဖို့ အပါအဝင် လမ်းတံတားစီမံချက်တွေ အကောင် အထည်ဖော်နေပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်သွယ်မယ့် အဝေးပြေးလမ်းမဖောက်လုပ်ရေးလုပ်ငန်းရဲ့ တစိတ်တဒေသအဖြစ် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ တံတား ၆၉ စင်းဆောက်လုပ်ဖို့ အပါအဝင် လမ်းတံတားစီမံချက်တွေ အကောင် အထည်ဖော်နေပါတယ်။

ဒါဟာ အိန္ဒိယအရှေ့မြောက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး သုံးနိုင်ငံအဝေးပြေးလမ်းမအတွက် အကောင်အထည်ဖော်တဲ့ လမ်းနဲ့တံတား စီမံချက်တွေဟာ မြန်မာနိုင်ငံအတွက်ရော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ပြည်နယ်တွေအတွက်ပါ အကျိုးရှိမယ်လို့ ပြည်နယ်ပြည်ထဲရေးဝန်ကြီး  V K Singh က ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယအရှေ့ခြမ်းက ဆိပ်ကမ်းတွေနဲ့ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ဆက်သွယ်နိုင်ဖို့ ရည်ရွယ်တဲ့  ကုလားတန်မြစ်ကြောင်း ဘက်စုံဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံချက်လည်း အိန္ဒိယက အကောင် အထည်ဖော်နေတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org