အင်ဒိုနီးရှား ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ အသေးစားပေါက်ကွဲမှု ဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာက ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ကျောင်းမှာ တနင်္ဂနွေညက အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ဝတ်ပြုနေသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာက ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ကျောင်းမှာ တနင်္ဂနွေညက အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ဝတ်ပြုနေသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဂျကာတာမြို့တော်အနောက်ပိုင်း အီကာယနာဂဟ ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းအတွင်း ဝတ်ပြုနေကြချိန်မှာ ကျောင်းရဲ့အပြင်ဘက် မှန်တံခါးအနီး လက်လုပ်ဗုံးလို့ ယူဆရတဲ့ ပစ္စည်းတစ်ခု ပေါက်ကွဲခဲ့လို့ ဝတ်ပြုသူတစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ပြီး၊ ပျက်စီးမှု အနည်းအကျဉ်းရှိခဲ့ပါတယ်။

ဒုတိယ ပစ္စည်းတစ်ခုကတော့မီးခိုးတွေသာထွက်နေပြီး၊ မပေါက်ကွဲခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပေါက်ကွဲမှုအား အလွန်ပျော့တဲ့အတွက် မှန်တံခါး ကွဲရုံလောက်သာ အပျက်အစီးရှိပြီး၊ ဝတ်ပြုသူတစ်ဦး လက်မှာကွဲရှဒဏ်ရာသာရခဲ့တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရသူကပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာတဝိုက်ကို ဗုံးရှင်းလင်းရေးတပ်ဖွဲ့က ရှင်းလင်းနေပြီး၊ ပေါက်ကွဲမှုရဲ့ လက်သည်တရားခံကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကိုအကြောင်းပြုပြီး အင်ဒိုနီးရှားမှာရှိနေတဲ့ အစ္စလာမ် အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်နှစ်ဦးက ပြီးခဲ့တဲ့ မေလအတွင်း ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးထောင်ဖို့ကြိုးစားခဲ့ကြရာမှာ ရဲက ကြားဖြတ်ဖမ်းဆီးမိခဲ့ပါတယ်။

အီကာယနာဂဟ ဘုရားကျောင်းဟာ ဂျာကာတာမြို့မှာ အကြီးဆုံး ဘုရားကျောင်းတွေထဲကတစ်ကျောင်း ဖြစ်ပါတယ်။
အခုလို ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ဘာသာရေးဆိုင်ရာ မငြိမ်မသက်မှုတွေ ပေါ်ပေါက်လာမှာ မဟုတ်ဘူးလို့မျှော်လင့်ကြောင်းလည်း ဘုရားကျောင်းကပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org