ထိပ်တန်းဗိုလ်ချုပ်တစ်ယောက် မြန်မာနိုင်ငံစေလွှတ်ဖို့ အင်ဒိုနီးရှား စီစဉ်

ဒီမိုကရေစီလမ်းကြောင်းကို အင်ဒိုနီးရှားက ဘယ်လိုအောင်အောင်မြင်မြင် အသွင်ကူးပြောင်းခဲ့တယ်ဆိုတာ မြန်မာစစ်ခေါင်းဆောင်တွေကို ပြသဖို့ မျှော်လင့်ချက်နဲ့ စီစဉ်တာလို့ ပြောပါတယ်။

၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံ တက်ရောက်လာသော အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo)။ Reuters

စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရအောင် ထိပ်တန်းဗိုလ်ချုပ်တစ်ယောက်ကို မြန်မာနိုင်ငံ စေလွှတ်ဖို့ စီစဉ်မယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) က ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကို အင်ဒိုနီးရှားက ဘယ်လိုအောင်အောင်မြင်မြင် အသွင်ကူးပြောင်းခဲ့တယ်ဆိုတာ မြန်မာစစ်ခေါင်းဆောင်တွေကို ပြသဖို့ မျှော်လင့်ချက်နဲ့ စီစဉ်တာလို့ ပြောပါတယ်။

အရှေ့တောင်အာရှက စီးပွားရေး အင်အားအတောင့်ဆုံး အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံ-အရှေ့တောင်အာရှ နိုင်ငံများအသင်း အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရပြီး ဒီမိုကရေစီရေးဖိနှိပ်နေတဲ့ မြန်မာနိုင်ငံက နှစ်ကာလရှည်ကြာပြဿနာကို ဖြေရှင်းဖို့ တာဝန်ကျရောက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဒီအတွေ့အကြုံမျိုး၊ ဒီလိုအခြေအနေတူမျိုး ရှိတဲ့အတွက် ဒါကချဉ်းကပ်ရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်လို့ ရိုက်တာသတင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းဘယ်လို စတင်လာသလဲဆိုတဲ့ အတွေ့အကြုံအရ ဖြေရှင်းနိုင်ပါတယ်လို့လည်း တစ်ဆက်တည်းပြောပါတယ်။

အခုကမ္ဘာမှာ တတိယမြောက် ဒီမိုကရေစီ အားအကောင်းဆုံး အင်ဒိုနီးရှားနိုင်ငံကို စစ်ခေါင်းဆောင် ဆူဟာတိုက နှစ်သုံးဆယ်ကျော်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ စီးပွားရေးအကျပ်အတည်း ဆိုက်ရောက်ပြီး ၁၉၉၈ ခုနှစ်မှာ လူထုအုံကြွ ဆန္ဒပြချိန်မတိုင်ခင်ထိ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org