ရိုက်တာသတင်းထောက် ထောင်ချမှု အင်ဒိုနီးရှား သတင်းထောက်တွေ ဆန္ဒပြ
2018.09.10

ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး စုံစမ်းသတင်းယူနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး အကျဉ်းချခံခဲ့ရတဲ့ အပေါ် အင်ဒိုနီးရှားနိုင်ငံက သတင်းထောက်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ ဂျကာတာမြို့ မြန်မာသံရုံးရှေ့မှာ သောကြာနေ့က ဆန္ဒပြခဲ့ကြပြီး၊ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို အမြန်ပြန်လွှတ်ဖို့ တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြပွဲကို အင်ဒိုနီးရှား အလွတ်သတင်းထောက်များအဖွဲ့နဲ့ လွတ်လပ်သော ဂျကာတာ သတင်းထောက်များ မဟာမိတ်အဖွဲ့တို့ ဦးစီးကျင်းပခဲ့ကြတာဖြစ်ပါတယ်။
မိမိတို့ဟာ ရာဇဝတ်သားတွေမဟုတ်၊ သတင်းထောက်တွေဖြစ်တယ်၊ မြန်မာနိုင်ငံက သတင်းထောက်တွေ ပြန်လွှတ်ပါ စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
ဂျကာတာ နိုင်ငံခြားသတင်းထောက်များအသင်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ မြန်မာ သတင်းထောက် နှစ်ဦး အမှုမှာ တစ်စုံတရာ အမှားလုပ်ခဲ့တဲ့ သက်သေသာဓက မရှိဘဲ၊ ရဲတပ်ဖွဲ့ရဲ့ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာ ထင်ရှားနေတဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းေရး အကြီးအကျယ် နောက်ပြန်ဆုတ်သွားတာဖြစ်ေြကာင်း ဖေါ်ပြပါတယ်။