အထူးကိုယ်စားလှယ် နှစ်ဖက်လုံးနဲ့တွေ့ရဖို့လိုကြောင်း အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်းပြော
စစ်ကောင်စီဘက်သာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စစ်တပ်အာဏာ သိမ်းပြီးဖယ်ရှားခံထားရတဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ရဖို့လိုအပ်တယ်လို့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း အာဂုစ် ဝီဂျိုယိုက ပြောပါတယ်။
-
RFA Burmese
2023-02-10 -
-
-
အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားသမ္မတအနေနဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို မြန်မာပြည်အတွက် အထူးကိုယ်စားလှယ်အနေနဲ့ခန့်ပြီး စေလွှတ်မယ်ဆိုရင် စစ်ကောင်စီဘက်ရော ဒီမိုကရေစီဘက်ပါ အဖွဲ့အားလုံးနဲ့တွေ့ရမှဖြစ်လိမ့်မယ်လို့ အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး အာဂုစ် ဝီဂျိုယို (Agus Widjojo) က RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ ဘနားနယူးစ်ကို ပြောလိုက်ပါတယ်။
စစ်ကောင်စီဘက်သာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စစ်တပ်အာဏာ သိမ်းပြီးဖယ်ရှားခံထားရတဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ရဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။
တစ်ဖက်တည်းနဲ့တွေ့လို့ အဖြေရမှာမဟုတ်ဘူးလို့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း အာဂုစ်က ထောက်ပြပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေးပြေလည်ဖို့အတွက် ဗိုလ်ချုပ်ကြီးတစ်ယောက်ကို အထူးကိုယ်စားလှယ်အနေနဲ့လွှတ်မယ်လို့ပြောလိုက်တဲ့အတွက် ဗိုလ်ချုပ်ကြီးဟောင်း အာဂုစ် ဝီဂျိုယိုရဲ့ သဘောထားကို ဘနားသတင်းဌာနကမေးမြန်းလို့ အခုလိုပြောဆိုတာ ဖြစ်ပါတယ်။
သူဟာ တစ်ချိန်က မြန်မာ့အရေးမှာ ၂၀၀၇ ကနေ ၂၀၁၁ ခုနှစ်အတွင်း ပါဝင်ပတ်သက်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီအပြင် အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ချိန်က အရေးပါခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။