ရွေးကောက်ပွဲ သတင်း ရေးသားဖော်ပြမှုဆိုင်ရာ သတိပေးချက် ထုတ်ပြန်
နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့အခါ ပါတီတစ်ခု (သို့မဟုတ်) ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် စည်းရုံးလှုံ့ဆော်ပေးတဲ့ ထုတ်လွှင့်မှုတွေ၊ ကြော်ငြာတွေကို မထည့်သွင်းကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။
-
2015-09-10 -
-
-
နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့အခါ ပါတီတစ်ခု (သို့မဟုတ်) ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် စည်းရုံးလှုံ့ဆော်ပေးတဲ့ ထုတ်လွှင့်မှုတွေ၊ ကြော်ငြာတွေကို မထည့်သွင်းကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က သတင်းမီဒီယာသမားတွေ လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်တွေ၊ အမိန့်နဲ့ ညွန်ကြားချက်တွေကို လိုက်နာဖို့လည်း သတိပေးထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို သိရှိထားဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၆ရက်နေ့အထိ ရက်ပေါင်း ၆၀ ကြာ မဲဆွယ်စည်းရုံးခွင့်ရရှိထားပါတယ်။
အစိုးရသတင်းမီဒီယာတွေကနေ နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ စည်းရုံးဟောပြောချက်တွေကို အလှည့်ကျအနေနဲ့ ၁၅ မိနစ်စီ ထုတ်လွှင့်ပေးနေပါတယ်။