အင်းစိန် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နဲ့ ပန်းခြံ ပြုပြင်ရေး ဆွေးနွေး
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ၊ အောင်ဆန်းရပ်ကွက်၊ စက်မှုလက်မှု အထက်တန်းကျောင်းဝင်းထဲမှာ ပြုပြင်မွမ်းမံခဲ့ခြင်းမရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုနဲ့ ဗိုလ်ချုပ်အောင်ဆန်း အမည်တပ်ထားတဲ့ပန်းခြံကို ပြန်လည်ပြုပြင်ဖို့အတွက် ဒီကနေ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။
-
2013-02-23 -
-
-
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ စက်မှုလက်မှု အထက်တန်းကျောင်းဝင်းထဲမှာ ပြုပြင်မွမ်းမံခဲ့ခြင်းမရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုနဲ့ ဗိုလ်ချုပ်အောင်ဆန်း အမည်တပ်ထားတဲ့ပန်းခြံကို ပြန်လည်ပြုပြင်ဖို့အတွက် ဒီကနေ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။
နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်တဲ့ အဲဒီကြေးရုပ်ထုနဲ့ ပန်းခြံကိုပြုပြင်တာဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကို အမျိုးသားရေး စိတ်ဓာတ်နိုးကြားစေဖို့နဲ့ ဗိုလ်ချုပ်ကိုလည်း အမြဲအမှတ်ရစေနိုင်ဖို့ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ ဗိုလ်ချုပ်ပန်းခြံ ပြုပြင်ရေးကော်မတီ(ယာယီ)ရဲ့ အတွင်းရေးမှူး ကိုတင်လှိုင်က RFA ကို ပြောပါတယ်။
အခုလိုပြုပြင်မွမ်းမံဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းခြံကို စက်မှုလက်မှု အထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းအုပ်ဆရာ ဦးမြတ်ကိုရဲ့ ခွင့်ပြုချက်ကို ဒီလ (၂၂) ရက်နေ့က ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ်နဲ့ ဗိုလ်ချုပ်အောင်းဆန်းရဲ့ ပန်းခြံကို (၁၉၆၀) ပြည့်နှစ်မှာ ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည်ကိုယ်တိုင် ဖွင့်လှစ်ခဲ့တာပါ။