အင်းတော်မြို့နယ်က ကျေးရွာ လမ်းဘဏ္ဍာငွေသုံးစွဲမှု တိုင်ကြား

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်း တိုင်းဒေသကြီး အင်းတော်မြို့နယ် က ကျေးရွာအုပ်စု ၄ ခု ရဲ့ လမ်းတံ တားဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ကျပ် သိန်းပေါင်း ၂၇၀၀ ကျော်ကို နိုင်ငံတော်ကခွင့်ပြုခဲ့ရာမှာ ကျပ်သိန်း ရှစ်ရာကျော်ကိုသာ သုံးစွဲခဲ့တာကြောင့် ပိုငွေ ကျပ်သိန်း ၁၉၀၀ ကို ရှင်းလင်းပေးဖို့ ဒေသခံတွေကို ကိုယ်စားအဖွဲ့တစ်ခုက နိုင်ငံတော်အတိုင်ပင်ပင်ခံရုံးကို စာပေးပို့ တိုင်ကြားလိုက်ပါတယ်။

ကျေးရွာလမ်းဘဏ္ဍာငွေသုံးစွဲမှု ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: ကိုသိန်းဝင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က ကျေးရွာအုပ်စု ၄ ခုရဲ့ လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ကျပ်သိန်းပေါင်း ၂၇၀၀ ကျော်ကို နိုင်ငံတော်က ခွင့်ပြုခဲ့ရာမှာ ကျပ်သိန်း ရှစ်ရာကျော်ကိုသာ သုံးစွဲခဲ့တာကြောင့် ပိုငွေ ကျပ်သိန်း ၁၉၀၀ ကို ရှင်းလင်းပေးဖို့ ဒေသခံတွေကို ကိုယ်စားအဖွဲ့ တစ်ခုက နိုင်ငံတော်အတိုင်ပင်ပင်ခံရုံးကို စာပေးပို့ တိုင်ကြားလိုက်ပါတယ်။

နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်း ၁၉၀၀ ကျော်ကို ကွာဟနေတဲ့အေပါ် အမြန်ဆုံးရှင်းလင်းပေးဖို့ ဒေသခံတွေ ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကို မနေ့က စာပေးပို့လိုက်တယ်လို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လေ့ လာစောင့်ကြည့်နေတဲ့ လယ်နောင်ကျေးရွာအုပ်စုက ဦးသိန်းဝင်းက ပြောပါတယ်။

"အင်းတော်မြို့နယ်မှာ ခရိုင်ကျေးလက်ဦးစီးကလုပ်ကိုင်တာပေါ့၊ သိန်း ၂၇ဝဝ ကျော်ပေါ့၊ လက်တွေ့ ကွင်းဆင်းကြည့်တဲ့အခါကျတော့ သုံးထားတာက သိန်း ၈၅ဝ ကျော်ကို သုံထားတာပေါ့ဗျာ၊ ပိုတဲ့ငွေတွေကို ပြန်အမ်းစေချင်တယ်ဗျာ၊ သူတို့က ဒီလိုနဲ့မရှင်းပေးဘူး၊ မြို့နယ်ထွေအုပ်ကိုလည်း အကြောင်းကြားတယ် မရှင်းပေးဘူး၊ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း တင်ပြတယ်၊ မရှင်းပေးဘူး၊ မရှင်းပေးတဲ့အတွက် ကျနော်တို့က ခုလိုတင်ပြရတာပေါ့ဗျာ "

မန်လည်ရွာလမ်းအတွက် ခွင့်ပြုငွေ သိန်း ခုနှစ်ရာကျော်မှာ ကျပ်သိန်း သုံးရာသုံးစွဲထားပြီး၊ ဆိပ်သာရွာလမ်းအတွက် ကျပ်သိန်း တစ်ထောင့်ငါးရာကျော်မှာ ကျပ်သိန်းလေးရာကျော်ကိုသာ သုံးစွဲခဲ့ပါတယ်။

ဒါ့အပြင် လယ်နောင်ရွာလမ်းအတွက် ကျပ်သိန်း တစ်ရာ့ခုနှစ်ဆယ်ကျော်မှာ သိန်း ၇၀ ကိုသုံးစွဲခဲ့ပြီး မြောက်ရွာ တံတားအတွက် ကျပ်သိန်း ၂၉၀ မှာ ကျပ်သိန်း ၁၉၀ ကိုသာ အသုံးပြုဆောက်လုပ်ခဲ့ကြာင်းကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကျေးလက်လမ်းတစ်လမ်းအတွက် ပေ ၄၀ အကျယ်သတ်မှတ်ထားပေမဲ့ တချို့လမ်းတွေဟာ ၂၆ ပေသာရှိတဲ့ အတွက် အရည်အသွေးစံနှုန်းနဲ့ မကိုက်ညီတဲ့လမ်းတချို့ကိုလည်း လေ့လောတွေ့ရှိရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org