သံတမန်တွေ ခရီးစဉ် ရွှေ့ဆိုင်း

ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့သွားရောက်လေ့လာကြမယ့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်အဖွဲ့တွေရဲ့ ခရီးစဉ်ကို ရာသီဥတုအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းလိုက် ပါတယ်။

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်အချို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့သွားရောက်လေ့လာကြမယ့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ သံတမန် အဖွဲ့တွေရဲ့ ခရီးစဉ်ကို ရာသီဥတုအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

သံတမန်တွေရဲ့ ခရီးစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပေမယ့် ဘယ်နေ့လာရောက်ကြမယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ကပြောပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတဲ့ကျေးရွာတွေကို ဒီနေ့သွားရောက်လေ့လာဖို့အတွက် အစိုးရအစီအစဉ်နဲ့ သံတမန် ၇၀ ကျော်ကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ နေရာကိုလည်း သွားရောက်ပြသဖို့ စီစဉ်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားတာပါ။

ဒီနေ့ စစ်တွေမြို့မှာ မိုးသည်းထန်ပြီး ရာသီဥတုဆိုးရွားနေတာကြောင့် စစ်တွေကနေတစ်ဆင့် မောင်တောမြို့နယ် ကို ရဟတ်ယာဉ်ပျံသန်းဖို့ အခက်အခဲရှိနေတယ်လို့လည်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org