စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေးကို ကူညီတဲ့ တရုတ်ကုမ္ပဏီတွေကို အရေးယူဖို့ တောင်းဆို

စစ်ကောင်စီရဲ့ လူထုအပေါ် အင်တာနက်ထိန်းချုပ်ရေးမှာ ကူညီနေတဲ့ တရုတ်ကုမ္ပဏီနှစ်ခုနဲ့ မြန်မာကုမ္ပဏီအစုအဖွဲ့ကို နိုင်ငံတကာအစိုးရအနေနဲ့ အရေးယှုမှုတွေလုပ်ဖို့ Justice For Myanmar (JFM) က ဇွန်လ ၁၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မိုဘိုင်းလ်ဖုန်းဖြင့် Facebook လူမှုကွန်ရက်အသုံးပြုရန် ကြိုးပမ်းနေသူတစ်ဦးကို ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ်။ AFP

စစ်ကောင်စီရဲ့ လူထုအပေါ် အင်တာနက်ထိန်းချုပ်ရေးမှာ ကူညီနေတဲ့ တရုတ်ကုမ္ပဏီနှစ်ခုနဲ့ မြန်မာကုမ္ပဏီအစုအဖွဲ့ကို နိုင်ငံတကာအစိုးရအနေနဲ့ အရေးယှုမှုတွေလုပ်ဖို့ Justice For Myanmar (JFM) က ဇွန်လ ၁၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

တရုတ်အစိုးရပိုင် China National Electronics Import and Export Corporation (CEIEC)၊ တရုတ်ကုမ္ပဏီ Geedge Networks နဲ့ ကြားခံဆောင်ရွက်ပေးနေတဲ့ မြန်မာကုမ္ပဏီအစုအဖွဲ့ Mascots Group of Companies တို့ စစ်ကောင်စီကို ကူညီနေတာပါ။

စစ်ကောင်စီဟာ တရုတ်ကုမ္ပဏီ Geedge Networks ကရတဲ့ ထုတ်ကုန်ပစ္စည်းနှစ်ခုကို အသုံးပြုပြီး အင်တာနက် စုံစမ်းထောက်လှမ်းရေးနဲ့ ဆင်ဆာဖြတ်တောက်ရေးကို မေလကုန်မှာ စတင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တရုတ်ကုမ္ပဏီ Geedge Networks ဆီက စစ်ကောင်စီရရှိခဲ့တဲ့ Taingou Secure Gateway (TSG) နဲ့ Cyber Narrator ထုတ်ကုန်ပစ္စည်းနှစ်ခုဟာ VPN အပါအဝင် အက်ပလီကေးရှင်းတွေကို ပိတ်ပင်တာ၊ အင်တာနက် အသွားအလာတွေကို စိစစ်၊ စောင့်ကြည့်တာနဲ့ တုံ့ပြန်ဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်တယ်လို့ JFM က ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်အစိုးရပိုင် CEIEC ဟာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရေး အဆိုပြုမှုမှာပါဝင်ပတ်သက်နေတယ်လို့ JFM ကဖော်ပြပါတယ်။

မြန်မာကုမ္ပဏီ Mascots Group of Companies အစုအဖွဲ့ကတော့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီကြား စီးပွားရေးလုပ်ကိုင်နိုင်ဖို့ ကြားခံပွဲစား လုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

အခုလို တရုတ်ကုမ္ပဏီတွေနဲ့ အပေါင်းပါ မြန်မာကုမ္ပဏီတွေက စစ်ကောင်စီကို စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်နည်းပညာတွေ ပေးအပ်နေတာက လူသန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်မှုရှိလာတယ်လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org