ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ စစ်ဆေးမှု ရပ်ဆိုင်းထား

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးနိုင်ဖို့ ကွင်းဆင်း စစ်ဆေးတဲ့အဖွဲ့ဟာ ဒီနေ့ စစ်ဆေးမှု စတင်ရမှာဖြစ်ပေမယ့် အဖွဲ့မှာပါတဲ့ CNPC ကုမ္ပဏီ နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကိုယ်စားလှယ်တွေက စစ်ဆေးမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် စစ်ဆေးမှုကို ရပ်နားလိုက် ပါတယ်။

တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ဧက ၃၅ဝ လောက် ပျက်စီးခဲ့တဲ့အတွက် အမ်းမြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ် Photo: Kyaw Htoon Naing/RFA
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးနိုင်ဖို့ ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့ဟာ ဒီနေ့ စစ်ဆေးမှု စတင်ရမှာဖြစ်ပေမယ့် အဖွဲ့မှာပါတဲ့ CNPC ကုမ္ပဏီ နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုယ်စားလှယ်တွေက စစ်ဆေးမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် စစ်ဆေးမှုကို ရပ်နားလိုက်ပါတယ်။

CNPC နဲ့ MOGE ကိုယ်စားလှယ်တွေက သက်ဆိုင်ရာကုမ္ပဏီ နဲ့ လုပ်ငန်းစု တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် မရသေးဘူးဆိုပြီး လိုက်စစ်ဆေးဖို့ ငြင်းဆန်တာဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့ရဲ့အတွင်းရေးမှူး ရှေ့နေ ဦးဟန်မင်းလှိုင် က ပြောပါတယ်။

"တောင်သူတွေကလည်း သူတို့လေ့လာတာတွေ တင်ပြဖို့ဆိုပြီး ရွာထိပ်မှာစစ်ဆေးဖို့လုပ်နေတဲ့အချိန်မှာ MOGE ကလိုက်ပါဆောင်ရွက်ခြင်းမရှိတဲ့အတွက် ကျနော်တို့မနက်ဖြန်ဆက်သွားမယ့် အစီအစဉ် မရှိသေးပါဘူး၊  ကျနော်တို့လောလောဆယ် ရပ်နားထားပါတယ်"

အဲဒီအဖွဲ့ဟာ အမ်းမြို့နယ် ကံမြင့်ကန်ကျေးရွာမှာ ဒီနေ့ ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံပြီး အဲဒီရွာက ပျက်စီးသွား တဲ့ မြေယာတွေကို တိုင်းတာဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာနေရတဲ့ တောင်သူတွေကို ထိုက်သင့်တဲ့လျော်ကြေးတွေပေးနိုင်ဖို့ CNPC ကုမ္ပဏီ၊ မြန်မာ့ရေနံနဲ့ သဘာဝငွေ့လုပ်ငန်းစု MOGE က ကိုယ်စားလှယ်တွေ၊ ဒေသခံတောင်သူကိုယ်စား လှယ်တွေ ပါဝင်တဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ အမ်းမြို့နယ် အုပ်ချုပ်ရေး မှူးက ပြီးခဲ့တဲ့ ဇွန်လက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဆေးရေးအဖွဲ့ဟာ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာ ကျေးရွာအုပ်စု ၉ ခုက မြေယာတွေကို ကွင်းဆင်းပြီး တိုင်းတာရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကိုသွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် အမ်းမြို့နယ်အတွင်းမှာ မြေယာဧကပေါင်း ထောင်နဲ့ချီနစ်နာဆုံးရှုံးခဲ့သလို နစ်နာတဲ့တောင်သူတွေအတွက် ကုမ္ပဏီက မြေယာလျော်ကြေးနဲ့ သီးနှံလျော်ကြေးတချို့ ပေးရာမှာ ငွေကြေးဖြတ်တောက်ခံရတာတွေ နဲ့ လျော်ကြေး မရတာတွေ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

CNPCနဲ့ MOGE ကိုယ်စားလှယ်တွေ မပါဝင်တဲ့အတွက် စစ်ဆေးမှုကို ရပ်နားလိုက်ရတဲ့အကြောင်း မြေယာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဦးဟန်မင်းလှိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org