ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု တပ်မတော်သား ၂၈ ဦးကို စစ်ဆေးပြီးဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာ မနှစ်ဦး အဓမ္မ ပြုကျင့် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန် က ကောင်းခါးကျေးရွာမှာ ရောက်ရှိနေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော်သား ၄၀ ကျော်ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တိုက်ရိုက် စစ်ဆေးခွင့်တောင်းတာဟာ ဥပဒေကျင့်ထုံးတွေနဲ့ မညီကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုး ကို တွေ့ရစဉ် Photo: Kna Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရတဲ့ အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန် က ကောင်းခါးကျေးရွာမှာ ရောက်ရှိနေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော် သား ၄၀ ကျော်ကို ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က တိုက်ရိုက်စစ်ဆေးခွင့်တောင်းတာဟာ ဥပဒေကျင့် ထုံးတွေနဲ့ မညီကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ၊ ရာဇဝတ်မှု နဲ့ အခုချိန်ထိ အမှုမှန်ဖော် ထုတ်နိုင်ခြင်းမရှိသေးတဲ့ ကောင်းခါးကျေးရွာက ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့အမှုတွေနဲ့ပတ်သက်ပြီး ပြည် နယ်ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို တွေ့ဆုံမေးမြန်းရာမှာ ရဲမှူးကြီး အောင်မြတ်မိုး က ပြောတာဖြစ်ပါတယ်။

အဲဒီအမှုဟာ ရာဇဝတ်မှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကသာ စစ်ဆေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကချင်ကျောင်းဆရာမနှစ်ဦးဟာ ကောင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အသတ်ခံခဲ့ရတာဖြစ် ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး တပ်မတော် သား ၂၈ဦးကို စစ်ဆေးထားသလို အဲဒီတပ်မတော်သားတွေရဲ့ မျိုးရိုးဗီဇ DNA နဲ့ ဆံပင်နမူနာတွေ ရယူထားတယ်လို့လည်း ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

KBC ဘက်က တပ်မတော်သား ၄၀ ကျော်ကို မေးမြန်းမယ့် မေးခွန်းတွေကို ကြိုမပေးနိုင်ကြောင်း နဲ့ အမှုစစ်အဖွဲ့ ကြားခံမထားဘဲ တိုက်ရိုက်မေးမြန်း လိုကြောင်း နိုင်ငံတော်သမ္မတထံ စာတင်ထားပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ဘက်ကလည်း အဲဒီအမှုနဲ့ဆက်နွယ်ပြီး မသင်္ကာသူ ၄ ဦးကို KBC အနေနဲ့ ခေါ်ယူပေး ဖို့ ပြန်လည်တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org