စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ကူညီပေးမည်

ရှမ်းပြည်နယ်အတွင်းက အစိုးရပိုင်မြေတွေမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်တဲ့အပြင် ပုဂ္ဂလိကပိုင်မြေတွေမှာ လုပ်ကိုင်လိုတဲ့ အဖွဲ့အစည်းတွေ ကိုလည်း အစိုးရဘက်က ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ဒီနေ့ ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက မြေယာတချို့ကို တွေ့ရစဉ် Photo: Kan Thar/ RFA

ရှမ်းပြည်နယ်အတွင်းက အစိုးရပိုင်မြေတွေမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုတဲ့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ လိုသူတွေ ကို ဖိတ်ခေါ်တဲ့အပြင် ပုဂ္ဂလိကပိုင်မြေတွေမှာ လုပ်ကိုင်လိုတဲ့ အဖွဲ့အစည်းတွေကိုလည်း အစိုးရဘက်က ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ဒီနေ့ ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍတိုးတက်လိုပြီး နည်းပညာရယူလိုတာကြောင့် အခုလိုဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးစိုးညွန့်လွင် ကပြောပါတယ်။

"ကျနော်တို့က စိုက်ပျိုးရေးက မိရိုးဖလာစိုက်နေတဲ့ပုံစံက တက်မလာခဲ့ဘူး။ အခုဟာ သူများနိုင်ငံမှာက တချို့ဆို မြေပေါ်တောင်မစိုက်တော့ဘဲ တကယ့်ကွန်တိန်နာပုံးတွေနဲ့စိုက်တယ်။ ကျနော်တို့က နည်းပညာ အရမ်းနောက်ကျနေတဲ့အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို စိုက်ပျိုးရေးနဲ့တွဲလုပ်မယ်ဆိုပြီး ရှမ်းပြည် နယ် အစိုးရဘက်က ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်"

လတ်တလောမှာ ဂျပန်နဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ လာရောက်လေ့လာတာတွေ ရှိနေတယ်လို့ ဦးစိုးညွန့်လွင် ကပြောပါတယ်။

ဂျပန်ကုမ္ပဏီတစ်ခုက စီးပွားဖြစ် "ကြာ"စိုက်ပျိုးဖို့ လာရောက်လေ့လာနေတာရှိပြီး ကြာပန်းကို ရေထဲမှာသာမကပဲ ကုန်းပေါ်မှာစိုက်ပျိုးနိုင်မယ့် နည်းပညာရရှိမှာဖြစ်ပြီး အဲဒီကုမ္ပဏီနဲ့ MOU ရေးထိုးဖို့ပြင်ဆင်နေတယ်လို့ ပြော ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ အစိုးရပိုင်မြေဧက ၃ သိန်းကျော်ရှိပြီး အဲဒီမြေတွေမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လို သူတွေအနေနဲ့ လာရောက်လေ့လာနိုင်တယ်လို့လည်း ဝန်ကြီးဦးစိုးညွန့်လွင် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org