ဘုန်းကြီးကျောင်းတွေက လိုင်စင်မဲ့ကားတွေကို အပ်ဖို့ ညွှန်ကြား
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဘုန်းကြီးကျောင်းတွေမှာ အသုံးပြုနေတဲ့ လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာ အပ်နှံကြ ဖို့ ဧရာဝတီတိုင်းဒေသကြီး သံဃာမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
-
2017-04-28 -
-
-
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဘုန်းကြီးကျောင်းတွေမှာ အသုံးပြုနေတဲ့လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာရဲစ ခန်းတွေမှာ အပ်နှံကြဖို့ ဧရာဝတီတိုင်းဒေသကြီး သံဃာမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၄ လလောက်က ပြုလုပ်ခဲ့တဲ့ တိုင်းအစိုးရအဖွဲ့ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေး အထောက်အ ကူပြု ကော်မတီရဲ့ အစည်းအဝေဆုံးဖြတ်ချက်ကို တိုင်းသံဃာမဟာနာယကအဖွဲ့က ကြေညာချက်ထုတ်ပြန် တာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
"ကျနော်တို့က ကျန်ခဲ့တဲ့ ၄ လလောက်က အဲဒီဟာကို စီမံချက်လုပ်တယ်ဗျာ၊ အခုလောလောဆယ်တော့ ဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ထုတ်တာတော့ မရှိသေးဘူး၊ သံဃာ့မဟာနာယက ဘက်က သူတို့ထုတ်တာတော့ ထုတ်ပေါ့နော်၊ ဒါသံဃာအပိုင်းက ထုတ်တာ။"
လိုင်စင်မဲ့ကားတွေကို မအပ်နှံရင် ဝင်ရောက်ရှာဖွေဖမ်းဆီးပြီး သိမ်းဆည်းမှုတွေလုပ်မယ်လို့လည်း တိုင်းသံဃာ့ မဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် သံဃာတော်တွေ ကားမောင်းရင် တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူမယ့်အကြောင်းလည်း တိုင်းဒေသကြီး မဟနအဖွဲ့ရဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။
အဲဒီ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြဖို့ ဧရာဝတီတိုင်းအတွင်းက ဘုန်းကြီးကျောင်းတိုက်တွေကို မြို့နယ် သံဃာမဟာနာယကအဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က စာပေးပို့ထားတာ ဖြစ်ပါတယ်။