ဧရာဝတီ ထိန်းသိမ်းရေး ဟောပြောပွဲ

မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအဝင် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

2012.07.16
irrawaddy-seminar-1-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင် Excel တာဝါတွင်ကျင်းပသည့် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၌ တက်ရောက်နေသူများကို တွေ့ရစဉ်။
RFA

အဓိက ဟောပြောခဲ့ကြသူတွေကတော့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၊ Eco-Dev အဖွဲ့က သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူ၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင် ဒေါက်တာ ဒေါ်ခင်နီနီသိန်း၊ မြစ်ကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်တွေကို လေ့လာ မှတ်တမ်းတင်နေသူ ဦးစိန်မျိုးမြင့်တို့ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို မနက် (၉) နာရီကနေ နေ့လည် (၁၂) နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိသက် (၃၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။