တပိုင်တနိုင် ကျောက်စိမ်းတူးခွင့် ဥပဒေပြဌာန်းပေးဖို့ ဒုတိယသမ္မတ ကိုပြော
ကချင်ပြည်နယ် ဒေသခံတွေက တပိုင်တနိုင် ကျောက်စိမ်းတူးဖေါ်ခွင့် ဥပဒေ ပြဌာန်းပေးဖို့နဲ့ မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်း ကို ပြုပြင်ထိန်းသိမ်းပေးဖို့ ဖားကန့်မြို့ကို ရောက်ရှိနေ တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဒီနေ့မေတ္တာရပ်ခံ တောင်းဆိုကြ ပါတယ်။
-
2013-08-11 -

ဖားကန့်မြို့ ဥရုရတနာခန်းမမှာ ကျင်းပတဲ့ ဒုတိယသမ္မတနဲ့ ဒေသခံတွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဖားကန့်းမြို့နယ် NLD ဒုဥက္ကဋ္ဌ ဦးတင်စိုးက RFA ကို အခုလိုပြောပြပါတယ်။
"ဥရုချောင်းကို ပြန်လည်ဆယ်ယူပေးဖို့ရယ်၊ ကျောက်မျက်လုပ်ကွက်တွေကို လူနေအိမ်ခြေ မြို့ရွာတွေနဲ့ နီးစပ်တဲ့နေရာမှာ မချပေးဖို့၊ ဒေသခံပြည်သူတွေရဲ့ တစ်ပိုင်တစ်နိုင် ကျောက်မျက် တူးဖော်ခွင့်ကို ကျောက်မျက်ဥပဒေမှာ ပြဌာန်းဖို့ တောင်းဆိုထားတာရှိတယ်"
ဒုတိယသမ္မတကလည်း ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတဲ့အတွက် အစိုးရအပါအဝင်၊ သက်ဆိုင်ရာကုမ္ပဏီတွေ၊ ဒေသခံတွေနဲ့ ပညာရှင်တွေပူးပေါင်းပြီး အချိန်မီ ထိန်းသိမ်းလုပ်ကိုင်သွားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။