မြန်မာအပါအဝင် အာရှ ၈ နိုင်ငံက အလုပ်သမားတွေလက်ခံဖို့ ဂျပန်အစိုးရစီစဉ်

မြန်မာအပါအဝင် အာရှ ၈ နိုင်ငံက အလုပ်သမားတွေ ဂျပန်နိုင်ငံကိုလာရောက်ဖို့ ဗီဇာစနစ် အသစ်ကို လာမယ့်ဧပြီလမှာ စတင်ဆောင်ရွက်ပေးနိုင်အောင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ သဘောတူလက်မှတ်ထိုးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။

ဂျပန်နိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တွေ့ရစဉ် Photo: Toshifumi KITAMURA / AFP

မြန်မာအပါအဝင် အာရှ ၈ နိုင်ငံက အလုပ်သမားတွေ ဂျပန်နိုင်ငံကိုလာရောက်ဖို့ ဗီဇာစနစ်အသစ်ကို လာမယ့် ဧပြီလမှာ စတင်ဆောင်ရွက်ပေးနိုင်အောင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ သဘောတူလက်မှတ်ထိုးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။

ဂျပန်အစိုးရဟာ လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်မှုနဲ့ ဒုက္ခသည်သတ်မှတ်လက်ခံရေး ဥပဒေအောက်ကနေ နိုင်ငံခြားသား အလုပ်သမားတွေကို “အထူးကျွမ်းကျင်အဆင့်” ဗီဇာနဲ့ ခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်။ အဲဒီလိုခေါ် ယူမယ့် အလုပ်သမားတွေထဲမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကလည်း ပါဝင်မယ်လို့ဆိုပါတယ်။

နိုင်ငံခြားသားအလုပ်သမားတွေကိုခေါ်ယူမယ့် ပွဲစားတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းအချက်အလက်တွေ ဝေမျှဆောင်ရွက်နိုင်မယ့် မူဘောင်တခုကိုလည်းရေးဆွဲဖို့ ရည်ရွယ်ထားပါတယ်။

တည်ဆဲဥပဒေအရ နိုင်ငံခြားသားအလုပ်သမားတွေကို ဝန်ဆောင်ခအများကြီးယူပြီး အာမခံကြေး အလွန်အမင်း တင်ခိုင်းတာမျိုးလို၊ မသမာမှုတွေ့ရှိခဲ့ရင် အရေးယူခံရမယ်လို့ဆိုပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေနဲ့ သဘောတူညီချက်တွေအရ သတင်းအချက်အလက်တွေကို နှစ်နိုင်ငံမျှဝေဆောင်ရွက်ရမယ်လို့လည်းဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org