မြန်မာကျောင်းသားတွေကို ဂျပန်တစ်ဦး ကူညီ
ဒုတိယကမ္ဘစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ အင်ဖားတိုက်ပွဲမှာ ပါဝင်ခဲ့သူ ဂျပန်စစ်သားဟောင်း၊ အသက် ၉၁ နှစ် အရွယ် ဆအိဂျိ အိမိုင်ဇုမိ ဟာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ပညာရေးအတွက် ကိုယ်ပိုင်ငွေနဲ့ ထောက်ပံ့ ကူညီနေခဲ့ရာမှာ အခုအခါ အထောက်အပံ့ရရှိသူ ကျောင်းသူကျောင်း သားပေါင်း နှစ်ရာကျော်ရှိပြီလို့ ယူမီယူရီ ရှင်ဘွန်း သတင်းစာ က ဖေါ်ပြပါတယ်။
-
2015-03-25 -
-
-
ဒုတိယကမ္ဘစစ်အတွင်း မြန်မာပြည်စစ်မျက်နှာ အင်ဖားတိုက်ပွဲမှာ ပါဝင်ခဲ့သူ ဂျပန်စစ်သားဟောင်း၊ အသက် ၉၁ နှစ် အရွယ် ဆအိဂျိ အိမိုင်ဇုမိ ဟာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ပညာရေးအတွက် ကိုယ်ပိုင်ငွေနဲ့ ထောက်ပံ့ ကူညီနေခဲ့ရာမှာ အခုအခါ အထောက်အပံ့ရရှိသူ ကျောင်းသူကျောင်းသားပေါင်း နှစ်ရာကျော်ရှိပြီလို့ ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖေါ်ပြပါတယ်။
အိမိုင်ဇုမိ ဟာ ၁၉၈၉ ခုနှစ်ကစပြီး အိမိုင်ဇုမိ အမှတ်တရ မြန်မာပညာတော်သင် ဖေါင်ဒေးရှင်းကို စတင်ထူထောင် ခဲ့ပါတယ်။ အင်ဖားတိုက်ပွဲအတွင်း ဆုတ်ခွာခဲ့ကြရတဲ့ ဂျပန်တပ်သားတွေအပေါ် ကူညီကယ်ဆယ်ခဲ့ကြ တဲ့ မြန်မာပြည်သူတွေကို အထောက်အပံ့ပေးလိုတဲ့အတွက် ဒီပညာရေးဖေါင်းဒေးရှင်းထူထောင်ဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ရှေ့ရေးအနာဂတ်ကို ပုံဖေါ်ကြမယ့် လူငယ်တွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အကူအညီပေးခြင်း အားဖြင့် မြန်မာပြည်ကို ပြန်ပြီးကျေးဇူးဆပ်တာဖြစ်ကြောင်း၊ သူထောက်ပံပေးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေ ဟာ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်အဖြစ် တာဝန်ထမ်းကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း အိမိုင်ဇုမိ က ပြောပါတယ်။