မြန်မာ့ဆန် ဂျပန်နိုင်ငံက ဝယ်ယူမည်

မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ဝယ်ယူမှုရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံက အခု ပြန်လည်ဝယ်ယူတော့ မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေးသား လိုက်ပါတယ်။

မြန်မာနိုင်ငံက ဆန်တွေကို နှစ်ပေါင်း ၄၅ နှစ်နီးပါး ဝယ်ယူမှုရပ်ဆိုင်းထားတဲ့ ဂျပန်နိုင်ငံက အခု ပြန်လည်ဝယ်ယူတော့မယ်လို့ Financial Times သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။

၁၉၆၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဆန်ဝယ်ယူမှု ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အခု ဂျပန် Mitsui ကုမ္ပဏီက  ပြန်လည်ဝယ်ယူဖို့ လက်ခံခဲ့တာဖြစ်ပြီး လာမယ့်မေလမှာ ဆန်တန်ချိန် ၅၀၀၀ စတင် ဝယ်ယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဝယ်ယူတဲ့ဆန်တွေကို  ဘီယာ၊ ဘီစကွတ်လိုမျိူး မုန့်ပဲသရေစာလိုအပြင် ဂျပန်အရက်ချက်တဲ့ နေရာမျိူးတွေမှာသုံးဖို့ဖြစ်တယ်လို့ ဂျပန်စိုက်ပျိူးရေး ဝန်ကြီးဌာနကပြောကြောင်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ပိုမိုရင်းနှီးတဲ့ ညှိနှိုင်းဆက်ဆံမှုတွေရှိလာခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါ ဂျပန်နိုင်ငံက အကူအညီပေးနေတာတွေ ရှိလာပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံအပေါ်တင်ရှိနေတဲ့ လက်ရှိကြွေးမြီ ဂျပန်ယန်းငွေ သန်းပေါင်း ၃ သိန်းကျော်၊ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် သန်းပေါင်း ၃၇၀၀ ကို ပြီးခဲ့တဲ့မတ်လက လျော်ပေးခဲ့ပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org