ဂျပန်ငလျင်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နိုင်

ဂျပန်နိုင်ငံမှာ ဒီကနေ့အထိ နောက်ဆက်တွဲ ငလျင်တွေ ဆက် လှုပ်နေသလို ဖူကူရှီးမားမြို့ အနုမြူ ဓာတ်အားပေးစက်ရုံမှာ ဓာတ်ငွေ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဂျပန်ရောက် နိုင်ငံခြားသားတွေ စိုးရိမ်ထိတ်လန့်ပြီး မိမိတို့ တိုင်းပြည်တွေကို အလုအယက် ပြန်နေကြပါတယ်။

ဂျပန်နိုင်ငံတွင် ဆူနာမီငလျင် လှုပ်ခတ်သွားပြီးနောက် ပျက်စီးသွားသည့် ဖူကူရှီးမား ဒိုင်ချိ ဓာတ်အားပေးစက်ရုံကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၆ ရက်နေ့က ဆက်သွယ်ရေး ဂြိုဟ်တုမှတဆင့် ရိုက်ကူးထားသည့် ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

စားသောက်ဆိုင်တွေ ရောင်းကောင်းနေပေမယ့် လျှပ်စစ်မီး ပုံမှန် မရတော့တာကြောင့် အဓိက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ရထားလိုင်းတွေ အစီးရေ လျှော့ပြီး ပြေးဆွဲနေသလို ဓာတ်ဆီ အလွယ်တကူ ဝယ်လို့ မရတော့တဲ့အခြေအနေ ရောက်နေပါတယ်။ အကျိုးဆက်အဖြစ် ဂျပန်ကားစက်ရုံတွေနဲ့ လျှပ်စစ်ပစ္စည်း စက်ရုံတွေလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ တိုကျိုမြို့ပြင်က လျှပ်စစ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကိုမင်းမင်း ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မော်တော်ကားနဲ့ လျှပ်စစ်ပစ္စည်း အဓိကထုတ်လုပ်တဲ့ စီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံမှာ စက်ရုံတွေ ပိတ်ထားရတာကြောင့် ဂျပန်စီးပွားရေး ထိခိုက်လာရင် ကမ္ဘာ့စီးပွားရေးကိုပါ ဘယ်လို ထိခိုက်လာနိုင်သလဲ ဆိုတာကို RFA အဖွဲ့သား ကိုဝင်းနိုင်က သြစတြေလျ အခြေစိုက် မြန်မာ့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org