သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြခွင့် ပြည်မြို့မှာ ပယ်ချခံရ

အစိုးရရုံးတွေမှာ လွတ်လပ်စွာသတင်း ယူခွင့်ရှိဖို့နဲ့ အကျဉ်းကျနေတဲ့ သတင်းထောက်တွေအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုဖို့ ပြည်မြို့ဒေသခံ သတင်းထောက်တွေ က ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုချက်တောင်းခံ ရာ ငြင်းပယ်ခံလိုက်ရပါတယ်။

DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ဖို့ ဆုတောင်းပွဲပြုလုပ်စဉ်က သတင်းထောက်များကိုတွေ့ရစဉ် photo:Thin Thin Htet/RFA

အစိုးရရုံးတွေမှာ လွတ်လပ်စွာသတင်းယူခွင့်ရှိဖို့နဲ့ အကျဉ်းကျနေတဲ့ သတင်းထောက်တွေအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုဖို့ ပြည် မြို့ဒေသခံ သတင်းထောက်တွေက ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုချက်တောင်းခံရာ ငြင်းပယ်ခံ လိုက်ရပါတယ်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုပေမဲ့ မိမိတို့အနေနဲ့ ဆန္ဒပြတောင်းဆိုသွားမယ်လို့ ဆန္ဒပြခွင့် တောင်းခံခဲ့ တဲ့ ပြည်မြို့ခံသတင်းထောက် ကိုရေခဲ က ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ လျို့ဝှက်ချက်ဥပဒေအရ ပြဌါန်းထားတဲ့ ဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက်နေရပါ တယ် မလိုလားအပ် တာတွေ ပေါ်ပေါက်လာမှာဖြစ်တဲ့ အတွက် ဆန္ဒဖော်ထုတ်မှှုကိုငြင်းပယ်ပါတယ် ဆိုပြီးတော့ ကျနော်တို့ကို ခွင့်မပြုကြောင်း အကြောင်းပြန်တယ်၊ ဆန္ဒဖော်ထုတ်ခွင့်ကို ငြင်းရုံတင်မကဘူး အစိုးရဌါနဆိုင်ရာရုံးတွေမှာ ဘယ်တော့ မှ သတင်းတင်းယူခွင့်မရှိပါဘူးဆိုတဲ့ ပုံစံမျိုးပြောလိုက်တာပဲ ၊အဲံ့ဒီငြင်းပယ်တိုင်းကို ကျနော်တို့က လက်မခံဘူး၊ပုဒ်မ ၁၈ နဲ့ တရားစွဲသည်ဖြစ်စေ၊ မစွဲသည်ဖြစ်စေ ကျနော်တို့က လုပ်သွားမှာပါ"

ဆန္ဒပြခွင့်ကို ဧပြီလ ၁၉ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုမိန့်တင်ခဲ့တာဖြစ်ပြီး မနေ့ည ဧပြီ လ၂၂ရက်နေ့ မှာ ကန့်ကွက်ကြောင်း အကြောင်းပြန်စာရရှိခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ် ၁ နှစ်ကျခံနေရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေ နဲ့ သတင်းထောက်တွေ အားလုံးလွှတ်ပေးဖို့ သတင်းထောက်တွေက လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ တောင်းဆို ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ လာမယ့် ၂၅ ရက်နေ့အတွက် ဆန္ဒပြခွင့်တောင်းခံရာမှာ ခွင့်ပြုချက်ရရှိ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org