AA နဲ့ တပ်မတော် တိုက်ပွဲဖြစ်ပွားမှု အစိုးရဘက်ကို CNF စောင့်ကြည့်နေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ AA တို့အကြားတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး CNF သဘောတူထားသလို အစိုးရဘက်က ဆောင်ရွက်နိုင်သလားဆိုတာ စောင့်ကြည့်နေပြီး အစိုးရဘက်က မဆောင်ရွက်ခဲ့ရင် CNF က အဖြေရှာပြီး ဆက်လက်လုပ်ဆောင် သွားမယ်လို့ CNF ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာရွှေခါးက ဒီနေ့ ပြောပါတယ်။

JMC-U ရဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးနှင့် စပ်လျဉ်းသည့် စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပနေသည်ကို တွေ့ရစဉ် Photo: Thant Zin Oo/ RFA

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ AA တို့အကြားတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး CNF သဘောတူထားသလို အစိုးရဘက်က ဆောင်ရွက်နိုင်သလားဆိုတာ စောင့်ကြည့်နေပြီး အစိုးရဘက်က မဆောင်ရွက်ခဲ့ရင် CNF က အဖြေရှာပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ CNF ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာရွှေခါးက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ NRPC မှာ ၃ရက်တာကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ရဲ့  ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ချင်းပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတာကို ဒေါက်တာရွှေခါးရ် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အစိုးရနဲ့ CNF နှစ်ဖက်သဘောတူညီချက်ဖြစ်တဲ့အတွက် အဲဒီသဘောတူညီချက်အတိုင်း ဖြစ်လာဖို့ဆိုလို့ရှိရင် အစိုးရမှာတာဝန်ရှိသလို CNF မှာလည်း တာဝန်ရှိပါတယ်၊ အခုကတော့ အစိုးရဘက်က ဆောင်ရွက်နေပါတယ်၊ ကျနော်တို့ကြည့်နေတာပေါ့၊ အဲဒီလိုမျိုးဆောင်ရွက်ချက်က အဆင်မပြေဘူးဆိုရင် CNF ကလည်း ကျနော်တို့ သဘောတူညီချက်အတိုင်းဖြစ်လာအောင် ကျနော်တို့ဘက်က လုပ်နိုင်တဲ့နည်းလမ်းကို စဉ်းစားရှာဖွေရမှာပေါ့"

၃ ရက်တာ ကျင်းပခဲ့တဲ့ JMC - U အစည်းအဝေးမှာ JMC နဲ့ ပြည်သူလူထုတွေ့ဆုံပွဲတွေကို JMC-S ရုံးစိုက်ရာ မြို့တွေနဲ့ အခြားမြို့တွေမှာ JMC-S များရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ကျင်းပသွားဖို့၊ JMC-U အရပ်သား ကိုယ်စားလှယ်များဦးဆောင်တဲ့ စိစစ်အတည်ပြုရေးဆိုင်ရာ စွမ်းရည်မြင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေ ကို ၆ လတစ်ကြိမ် ပြုလုပ်သွားဖို့ စတာတွေကို သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် JMC-U အလှည့်ကျ ဒုတိယဥက္ကဌ ၂ အဖြစ် ဦးပြည့်စုံကို ဒီဇင်ဘာလ ၁ ရက်ကနေ မေလ ၃၀ ရက်အထိ တာဝန်ထမ်းဆောင်စေဖို့နဲ့ မိသားစု ကျန်းမာရေးအခြေအနေကြောင့် နှုတ်ထွက်ခွင့်တောင်းခံထားတဲ့ JMC-U အရပ်သားကိုယ်စားလှယ် သူရဦးတင်လှအစား သူရဦးဘိုနီကို ပြောင်းလဲတာဝန်ပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

JMC-U ရဲ့ ၂ နှစ်နီးပါးကြားကာလအတွင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ကိုတိုင်ကြားမှုကြောင်း ၂၈၅ မှုရှိခဲ့ပြီး ၁၈၂ မှုကိုဖြေရှင်းပေးခဲ့နိုင်ခဲ့ကြောင်းနဲ့  JMC-U ရဲ့ အသုံးစရိတ်ကို လာမယ့် ၂၀၁၈-၁၉ နှစ်မှာ အရင်နှစ်အသုံးစားရိတ်ထက် အမေရိကန်ဒေါ်လာ ၁ သန်း ပိုမိုသုံးစွဲမယ်လို့လည်း JMC - U ရဲ့ အတွင်းရေးမှူး ၂  ဒေါက်တာရွှေခါးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org