မြန်မာ ငြိမ်းချမ်းရေးအဖွဲ့ နီပေါ ကို သွားရောက်လေ့လာ

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲမှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာဖို့အတွက် နီပေါနိုင်ငံကို ရောက်ရှိနေတယ်လို့ နီပေါ နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ် Photo: Joint Ceasefire Monitoring Committee

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲမှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာဖို့အတွက် နီပေါနိုင်ငံကို ရောက်ရှိနေတယ်လို့ နီပေါ နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။

နီပေါ နိုင်ငံခြားရေးဝန်ကြီး Pradeep Khumar  Gyawali ပရာဒိ ကူးမား ဂျရဝါးလီ နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာအဖွဲ့ဟာ နီပေါနိုင်ငံမှာ ၂ဝဝ၇ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကနေ အစိုးရနဲ့ သူပုန်တွေအကြား အပစ်ရပ်ပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပုံကို လေ့လာမယ်လို့ ဆိုပါတယ်။ ဝန်ကြီး ကလည်း မြန်မာပြည် ငြိမ်းချမ်းရေး ခိုင်မြဲစွာပေါ်ထွန်းရေးအတွက် တတ်စွမ်းသမျှကူညီဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နီပေါနိုင်ငံမှာ မော်ဝါဒီ ကွန်မြူနစ်တွေနဲ့ ၁၉၉၆ ခုနှစ်က စတင်ခဲ့တဲ့ ၁ဝ နှစ်ကျော် ပြည်တွင်းစစ်မှာ လူ  ၁ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ တခြား ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org