ဂျော်ဒန်နိုင်ငံက မြန်မာလုပ်သားတွေ မတရားဖိနှိပ်ခံရလွန်းလို့ ဆန္ဒပြ
ဂျော်ဒန်နိုင်ငံက ဟာဆန် (Hassan) စက်မှုဇုံမှာရှိတဲ့ CMJ အထည်ချုပ်စက်ရုံ မှာ မြန်မာအလုပ်သမား အယောက် ၂ ထောင်လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
-
2013-02-16 -
-
-
သူတို့ဟာ စက်ရုံကကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှုနဲ့ လစာငွေနည်းပါးမှုတွေကြောင့် ဖြေရှင်းပေးဖို့ စက်ရုံအာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် မလိုက်လျောလို့ အလုပ်မဆင်းပဲ ဆန္ဒပြနေကြတာပါ။
အဲဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ပါတယ်။ သူတို့ထဲမှာ အမျိုးသားဦးရေက ၁၀၀ ကျော်ပဲရှိပြီး၊ ကျန် ၁၈၀၀ ကျော်က အမျိုးသမီးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြမြန်မာအလုပ်သမားတွေဟာ သူတို့အခက်အခဲတွေအတွက် အကူအညီတောင်းဖို့ ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံးမရှိတဲ့အပြင် သူတို့ကိုအကူအညီပေးမယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေလဲ မရှိပဲဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စက်ရုံအလုပ်သမားတဦးဖြစ်တဲ့ ကိုထွန်းထွန်းစိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |