မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ-တရုတ် အစည်းအဝေး မဖိတ်ဖို့ လေးနိုင်ငံကန့်ကွက်

ရှေ့လာမယ့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပဖို့ရှိတဲ့ အာဆီယံ- တရုတ် အစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ တရုတ်သံတမန် မစ္စတာ ဆွန်ကော်ရှန်းက ကြိုးပမ်းပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တချို့က လက်မခံခဲ့ဘူးလို့ သံတမန်အသိုင်းအဝိုင်းကရရှိတဲ့ သတင်းတွေကို အခြေခံပြီး ရိုက်တာသတင်းတစ်ရပ်မှာ မနေ့က ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က မြဝတီရုပ်မြင်သံကြားကတဆင့် မိန့်ခွန်းပြောကြားနေသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ၤၤၤၤFile Photo: AFP

ရှေ့လာမယ့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပဖို့ရှိတဲ့ အာဆီယံ- တရုတ် အစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ တရုတ်သံတမန် မစ္စတာ ဆွန်ကော်ရှန်းက ကြိုးပမ်းပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က လက်မခံခဲ့ဘူးလို့ သံတမန်အသိုင်းအဝိုင်းက ရရှိတဲ့ သတင်းတွေကို အခြေခံပြီး ရိုက်တာသတင်းတစ်ရပ်မှာ မနေ့က ဖော်ပြထားပါတယ်။

အာဆီယံ- တရုတ်အစည်းအဝေးကို လာမယ့်နိုဝင်ဘာ ၂၂ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ကြားဖို့အတွက် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား နဲ့စင်္ကာပူနိုင်ငံတွေက ကန့်ကွက်ခဲ့တာလို့ သတင်းက ဆိုပါတယ်။ ကန့်ကွက်တဲ့ နိုင်ငံတွေက သူတို့အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့အတိုင်း မြန်မာနိုင်ငံကို ဖိတ်ကြားတဲ့အခါမှာ နိုင်ငံရေးပိုင်းက မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖိတ်မယ် ဆိုတဲ့ မူအတိုင်းသာ ဆောင်ရွက်ဖို့ လိုလားကြပါတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်ဆုံးဖြတ်ချက်အတိုင်း မပြောင်းမလွဲ ရှိပါတယ်လို့ပြောဆိုပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီသတင်းကို ချက်ခြင်းမတုံ့ပြန်သေးသလို ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ဆက်သွယ်ချက်ကို မြန်မာစစ်ကောင်စီကလည်း ပြန်လည်မဖြေကြားပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org