စစ်ကောင်စီတပ် အဓမ္မစေခိုင်းမှုများ ကုလစုံစမ်းရေးအဖွဲ့ ဖော်ထုတ်

စစ်တပ်အတွင်း အဓမ္မခိုင်းစေနေတာနဲ့ အလုပ်သမားသမဂ္ဂတွေကို အကြမ်းဖက်နေတာတွေအားလုံး ရပ်တန်းက ရပ်ဆိုင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို မြန်မာ့အရေး စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။ REUTERS

စစ်တပ်အတွင်း အဓမ္မခိုင်းစေနေတာနဲ့ အလုပ်သမားသမဂ္ဂတွေကို အကြမ်းဖက်နေတာတွေ အားလုံး ရပ်တန်းက ရပ်ဆိုင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို မြန်မာ့အရေး စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

အဓမ္မခိုင်းစေမှုဆိုင်ရာ တားမြစ်ချက်နဲ့ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်တွေ ကို စစ်ကောင်စီက ချိုးဖောက်တာကို ကုလသမဂ္ဂ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေး အဖွဲ့က တွေ့ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို စစ်အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းတဲ့နောက် ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့တာပါ။

ILO ထူထောင်ချိန် ၁၉၁၉ ကစလို့ အခုလို အဆင့်အမြင့်ဆုံး စုံစမ်းစစ်ဆေးရေး ဆောင်ရွက်တာမျိုးက ၁၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org