ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေကြောင်း စစ်ခေါင်းဆောင်ပြော

ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားနေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။ Screenshot: MRTV Video

နိုင်ငံငြိမ်းချမ်းရေးကို အနာဂတ်မျိုးဆက်အထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့မှာ ကျရောက်တဲ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုပါတယ်။

တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် သွေးခွဲနေတာကို သွေးစည်းညီညွတ်မှုနဲ့ တုံ့ပြန်ပြသဖို့လိုအပ်ကြောင်း ပြောခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးကဏ္ဍတွေ တိုးတက်လာဖို့လည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်ပြောတဲ့ ထာ၀ရငြိမ်းချမ်းရေးဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ ထာ၀ရငြိမ်းချမ်ရေးရလိမ့်မယ်လို့ ပြောဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်အကောင်အထည် ဖော်ဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူဟာလည်း ၂.၈ သန်းကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org