စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တောင်းဆို

စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေတာကို ချက်ချင်းရပ်တန့်ကြဖို့လည်း နိုင်ငံတကာကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Myanmar Military

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အပြစ်ပေးအရေးယူဖို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

လေကြောင်းသုံး တိုက်ခိုက်တာဟာ အရပ်သားတွေအပါ် စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ အရေးယူပေးဖို့လိုတယ်လို့ စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို လေကြောင်းလောင်စာဆီထောက်ပံ့နေတာကို ချက်ချင်းရပ်တန့်ကြဖို့လည်း နိုင်ငံတကာကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိစစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီလေကြောင်းသုံးဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးရတဲ့ကိစ္စကို နိုင်ငံတကာက အရေးယူဖို့လည်း ပြောထားပါတယ်။

အဲဒီလို လေကြောင်းတိုက်ခိုက်တာခံခဲ့ရလို့ လူ ၆ဝဝ ကျော်နေတဲ့ လအိဒုက္ခသည်စခန်းက ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ဆယ်ဦးထက်မနည်းသေဆုံးပြီး ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရရခဲ့ပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ ဒီနှစ်အတွင်း ခုနှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရတယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org