စစ်ကောင်စီနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ပြောကြား

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့မရှိဘူးလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူးက ဒီနေ့ အောက်တိုဘာ ၉ ရက်မှာကျင်းပတဲ့ အပတ်စဉ် (၇၁) အခြေခံ စစ်သင်တန်းဆင်းပွဲမှာ ပြောလိုက်ပါတယ်။

ကရင်နီတပ်မတော် (KA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူးကို ၂၀၂၁ အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့မရှိဘူးလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူးက ဒီနေ့ အောက်တိုဘာ ၉ ရက်မှာကျင်းပတဲ့ အပတ်စဉ် (၇၁) အခြေခံ စစ်သင်တန်းဆင်းပွဲမှာ ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကနေ တွေ့ဆုံဆွေးနွေးဖို့လုပ်နေရာ တွေ့ဆုံဖို့မရှိဘူးလို့ KA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူးက RFA ကို ပြောပါတယ်။

"ကျွန်တော်ကြားတာတော့ ရာပြည့်ကနေပြီးတော့မှ ဒကစမှူးကို တာဝန်ပေးလိုက်တယ်။ တွေ့ဆုံ ဆွေးနွေးဖို့။ ဒါပေမဲ့ ကျွန်တော်တို့က ဒီအခြေအနေမှတော့ တွေ့ဆုံဆွေးနွေးဖို့ လိုလားချက် မရှိဘူး"

(NSPNC) ဟာ နိုင်ငံရေးပါတီတစ်ချို့ကို ဖိတ်ကြားပြီး နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးနေကြတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ဟာ စက်တင်ဘာလထဲမှာတင် လက်နက် ကိုင်တိုက်ပွဲ ၁၃ ကြိမ်၊ ပေါက်ကွဲမှု ၂ ကြိမ်၊ ခုခံစစ် ၇ ကြိမ်ရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းဝန်းကျင်ရှိတဲ့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လက်ရှိမှာ စစ်ဘေးရှောင်တိမ်းရသူ အရေအတွက်ဟာလည်း တစ်သိန်းလေးသောင်းကျော် ရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ အပစ်ရပ်သွားမယ်လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org