မိုးမောက်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စခန်းတာဝန်ရှိသူတွေပြော

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းထဲမှာ စစ်ဘေးဒုက္ခသည်အနေနဲ့ ခိုလှုံနေသူတွေထဲက ကျန်ရှိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည် တွေကို သူတို့ဆန္ဒမပါဘဲ စခန်းတာဝန်ရှိသူတွေက နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ယောက်ဖြစ်တဲ့ ဦးနော်လွမ်းက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တချို့ကို တွေ့ရစဉ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းထဲမှာ စစ်ဘေးဒုက္ခသည်အနေနဲ့ ခိုလှုံနေသူတွေထဲက ကျန်ရှိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေကို သူတို့ဆန္ဒမပါဘဲ စခန်းတာဝန်ရှိသူတွေက နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ယောက်ဖြစ်တဲ့ ဦးနော်လွမ်းက RFA ကို ပြောပါတယ်။

အကျိန်နီလီလို့ခေါ်တဲ့ အဲဒီ IDP စခန်းမှာ ၂၀၁၁ ခုနှစ်ကတည်းက ကျောက်စခန်းရွာ၊ တကော်ရွာ စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည်တွေ လာရောက်ခိုလှုံနေကြတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းကစလို့ နေရပ်တွေကို မပြန်ချင်ဘဲ ပြန်နေခဲ့ကြတာကြောင့် လက်ရှိ စစ်ဘေးဒုက္ခသည် ၂၀ ကျော်လောက်ပဲ ကျန်တော့တယ်လို့ ဦးနော်လွမ်းက ဆိုပါတယ်။

ဒုက္ခသည်တွေဟာ ဘုရားကျောင်းထဲမှာ ခိုလှုံနေတာဖြစ်ပြီး ခိုလှုံနေတာ ကြာလာပြီဖြစ်တာကြောင့် နေရပ်ပြန်ဖို့ ပြောနေတာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ကျန်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေက သူတို့ရွာတွေမှာ နေစရာအိမ်မရှိတာရယ် ကျောက်စခန်းရွာနားမှာ မြန်မာစစ်တပ်ရဲ့ တပ်စခန်းရှိနေတာရယ်ကြောင့် တိုက်ပွဲတွေဆက်ဖြစ်မှာကို ကြောက်ပြီး မပြန်ချင်ကြတာလို့ ပြောပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြရတာဖြစ်ပြီး အဲဒီအချိန်ကတည်းက ရွာနားမှာ တပ်မတော်က တပ်စခန်းချထားတာဖြစ်တယ်လို့ ဦးနော်လွမ်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျိန်နီလီ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တွန်းပို့နေတဲ့ပုံစံမျိုးဖြစ်နေတာဟာ ဒုက္ခသည်တွေ ပြန်သွားတဲ့အခါ လုံခြုံရေးကို စိုးရိမ်စရာရှိနေကြောင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုသူ တစ်ယောက်က RFA ကိုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org