တိုက်ခိုက်ခံရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ အရေးပေါ်အကူအညီ လိုအပ်နေ

လေ‌ကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ ခန့်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး အပျက်အစီးများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

လေ‌ကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ ခန့်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အစားအသောက်နဲ့ နေစရာအပါအဝင် စောင်၊ အနွေးထည်၊ အဝတ်အစားနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေသေးတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ဆိုပါတယ်။

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက် ဒုက္ခသည်စခန်းမှာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေး ၁၁ ဦးပါဝင်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၃၃ လုံးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးရှိတယ်လို့လည်း ဆိုပါတယ်။
သေဆုံးခဲ့သူတွေကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

မုန်လိုင်ခက် စစ်ဘေးဒုက္ခသည် စခန်းဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ ရှိပြီး ဒီစခန်းတိုက်ခိုက်ခံရမှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org