ကချင် ဓမ္မသဘင်ပွဲတော်မှာ သန်းခေါင်းစာရင်း ကောက်ယူမည်

ကချင်လူမျိုး သောင်းနဲ့ချီတက်ရောက် မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် သင်းလုံးကျွတ်ဓမ္မ သဘင်မှာ ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူသွားမှာဖြစ်တယ်လို့ ဓမ္မသဘင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ က ဒီကနေ့ ပြောလိုက်ပါတယ်။

သန်းခေါင်စာရင်း ကောက်ခံမှု အသိပညာပေး လက်ကမ်း စာစောင်တွေကို တွေ့ရစဉ်

ကချင်လူမျိုး သောင်းနဲ့ချီတက်ရောက်မယ့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် သင်းလုံးကျွတ်ဓမ္မသဘင်မှာ ပြည်လုံးကျွတ်သန်းခေါင်း စာရင်း ကောက်ယူသွားမှာဖြစ်တယ်လို့ ဓမ္မသဘင် ပွဲတော် ဖြစ်မြောက်ရေးကော်မတီက ဒီကနေ့ ပြော လိုက်ပါတယ်။

ဥရုဆိုင်းမော်နယ် ကချင်နှစ်ခြင်းအသင်းတော်များ အဖွဲ့ချုပ်က ဦးစီးပြုလုပ်မယ့် ၃၇ ကြိမ်မြောက် သင်းလုံးကျွတ်ဓမ္မသဘင်ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်နဲ့ မဇွပ်ယန်ကျေးရွာနားမှာရှိတဲ့ ကွင်းပြင်မှာ ဒီလ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဓမ္မသဘင်ကျင်းပမယ့်အချိန်ဟာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့်အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ပွဲတော်ရက်အတွင်း သန်းခေါင်စာရင်းကောက် ယူနိုင်ဖို့ ဒေသအာဏာပိုင်တွေနဲ့  ညှိနှိုင်းထားတယ်လို့ ဓမ္မသဘင်ဖြစ်မြှောက်ရေး ကော် မတီဥက္ကဋ္ဌ သိက္ခာတော်ရသင်းအုပ် ဆရာတော် ဦးဘီတူးဂျာက RFA ကို ပြောပါတယ်။

ဒါ့အပြင် လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ အဲဒီ ဓမ္မသဘင်ကနေ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကို ဦးဆောင်မယ့် အမှုဆောင်ကော်မတီအသစ်ကိုလည်း ရွေးချယ်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ၃၆ ကြိမ်မြောက် ဓမ္မသဘင်ကို ကချင်ပြည်နယ် ဗန်မော်မြို့နယ်မှ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org