ဒုစရိုက်မှုတွေကို ကာကွယ်တားဆီးဖို့ လွှတ်တော်မှာ တင်ပြ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အုပ်စုဖွဲ့၊ လုယက်ရိုက်နှက်၊ သတ်ဖြတ်မှု စတဲ့ ဒုစရိုက်မှုတွေ များနေ တာကြောင့် ပြည်သူတွေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အားလုံလောက်စွာနဲ့ ကာကွယ် တားဆီးရေး ဆောင်ရွက်ဖို့နဲ့ အစိုးရရဲ့ ဆောင်ရွက်ထားရှိမှုအခြေအနေကို အင်ဂျန်းယန်မြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် က ဒီကနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

မြစ်ကြီးနားမြို့ပေါ်က လုယက်ရိုက်နှက်သတ်ဖြတ်မှုတွေ ဖြစ်လေ့ရှိတဲ့နေရာတွေထဲကတခုဖြစ်တဲ့ စီတာပူနဲ့ တပ်ကုန်းရပ်ကွက်ကို ဆက်သွယ်ထားတဲ့ ဂျပန်လမ်းပေါ်မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က အများပြည်သူတွေ သွားလာနေတာကို တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အုပ်စုဖွဲ့၊ လုယက်ရိုက်နှက်၊ သတ်ဖြတ်မှု စတဲ့ ဒုစရိုက်မှုတွေ များနေ တာကြောင့် ပြည်သူတွေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အားလုံလောက်စွာနဲ့ ကာကွယ် တားဆီးရေး ဆောင်ရွက် ဖို့နဲ့ အစိုးရရဲ့ ဆောင်ရွက်ထားရှိမှုအခြေအနေကို အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဒီကနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က မြစ်ကြီးနားမြို့ပေါ်မှာ ဒုစရိုက်မှုတွေ ပိုမိုများပြားလာနေတာကြောင့် အရင်က မရှိခဲ့ဖူးတဲ့ ဒုစရိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ပြည်နယ် လွှတ်တော်မှာ ပြောခဲ့ပါတယ်။

"ကချင်ပြည်နယ်အတွင်း  မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာခြင်း၊ ယခု လက်ရှိဖြစ်ပေါ်လျက်ရှိသော  စီးပွားရေး အကျပ်အတည်းများနဲ့ စားဝတ်နေရေး  ကျပ်တည်းမှုများကြောင့် မြစ်ကြီးနားမြို့ပေါ်နှင့် အနီးတဝိုက်မှာ  ရှေးယခင် ကမကြုံဖူးသော လုယက်မှု၊ လူသတ်မှုများ၊ ဒုစရိုက်မှုများ မကြာခဏ အကြိမ်  စိပ်စိပ်ဖြစ်ပွားလာတာကိုတွေ့ရှိရ ပါတယ်။"

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ ဋ္ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့အတူ ရပ်မိရပ်ဖတွေက နေ့စဉ်ပူးပေါင်း ကင်းလှည့်ပြီး မြစ်ကြီးနားမြို့အတွင်း ဒုစရိုက်မှုတွေကို ကာကွယ်တားဆီးနေကြောင်း ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ဖြေကြားပါတယ်။

မြစ်ကြီးနားမြို့မှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ ပြည်သူ ၁ ထောင်ကျော်ကို လုံခြုံရေးဆောင်ရွက်နေရကြောင်း နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်မံဖြည့်တင်း ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

မြစ်ကြီးနားမြို့က မင်းရပ် ပန်းခြံအနီး ကမ်းနားလမ်း၊ တပ်ကုန်း၊ စီတာပူ၊ ရမ်ပူ၊ အေးစေတီ၊ ခေမာသီရိ စတဲ့ ရပ်ကွက်တွေအပါအဝင် ရပ်ကွက်အားလုံးနီးပါးမှာ မူးယစ်ဆေးဝါးချိတ်ဆက်ရောင်းဝယ်သုံးစွဲမှု တွေနဲ့အတူ လုယက်ရိုက်နှက်သတ်ဖြတ်မှုတွေဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့် စတဲ့ ကချင်ပြည်နယ်က မြို့တွေအားလုံးနီးပါးမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေနဲ့ ဆက်စပ်ပြီး လူသတ်၊ လုယက်ရိုက်နှက်မှုတွေဖြစ်ပွားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org