တိုင်းရင်းသားဘာသာစကားကို နောက်နှစ် ပညာသင်နှစ်တွင် သင်ကြားမည်
ကချင်ပြည်နယ်က အခြေခံပညာကျောင်းတွေမှာ လာမယ့် ၂၀၁၉ ခုနှစ် ပညာသင်နှစ်ကစပြီး ကချင်နဲ့ ရှမ်းတိုင်းရင်းသား ဘာသာစကားတွေ သင်ကြားဖို့အတွက် ပြင်ဆင်နေပါတယ်။
-
2018-11-09 -
-
-
ကချင်ပြည်နယ်က အခြေခံပညာကျောင်းတွေမှာ လာမယ့် ၂၀၁၉ ခုနှစ် ပညာသင်နှစ်ကစပြီး ကချင်နဲ့ ရှမ်းတိုင်းရင်း သား ဘာသာစကားတွေ သင်ကြားဖို့အတွက် ပြင်ဆင်နေပါတယ်။
လာမယ့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်က ကျောင်းတွေမှာ သင်ကြားဖို့ရေး Grade 1, Grade 2, Grade 3 သင်ရိုးထဲမှာ ကချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ရှမ်းတိုင်းရင်းသား ဘာသာစကားတွေ ထည့်သွင်းရေးဆွဲထားပြီး တကယ်လက်တွေ့မှာ သင်ကြားနိုင်ပ့ါမလားဆိုတာကို စိုးရိမ်နေကြောင်း ဂျိန်းဖေါ့ရိုးရာ စာပေတာဝန်ခံ ဒေါ်Lနန်ဒွဲက ပြောပါတယ်။
နောက်နှစ်မှာ စတင်သင်ကြားမယ့် ဒေသသင်ရိုးထဲမှာ ကချင်မျိုးနွယ်စုတွေဖြစ်တဲ့ ဂျိန်ဖေါ့၊ ရဝမ်၊ လီဆူ၊ လချိတ်၊ ဇိုင်ဝါး၊ လော်ဝေါ်နဲ့ ရှမ်းမျိုးနွယ်စုတွေဖြစ်တဲ့ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခမ်းတီ၊ တိုင်းလျန်၊ တိုင်းလွေ တိုင်းရင်း သားတွေရဲ့ ဘာသာစကားနဲ့ ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့၊ စာပေ၊ သဘာဝပတ်ဝန်းကျင်၊ အစားအသောက်တွေ နဲ့ ပတ်သက်တာတွေကို ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။
ဒီသင်ရိုးညွှန်းတမ်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ UNICEF ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောင်ရွက်သွား မှာဖြစ်ပြီး သင်ရိုးနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆွေးနွေးပွဲကိုလည်း အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၉ ရက်နေ့ထိ မြစ်ကြီးနားမြို့ ပြည်နယ်ပညာရေးမှူးရုံးမှာ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲမှာတော့ ကချင်နဲ့ ရှမ်းမျိုးနွယ် စာပေနဲ့ ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူတွေ၊ ဆရာ/ဆရာမတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့တာပါ။