ရေနစ်မြုပ်မှုကြောင့် မြစ်ကြီးနား - မန္တလေး ရထားခရီးစဉ်တွေ ရပ်နား

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက် ပိုင်းဒေသတွေမှာ မိုးကြီးနေတာကြောင့် မီးရထားသံလမ်းနဲ့ တံတားတွေ ရေမြုပ်နေ တဲ့အတွက် မြစ်ကြီးနားနဲ့ မန္တလေး ရထားခရီးစဉ်တွေကို ရပ်နားထားရပါတယ်။

မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။ Photo:Kyaw Myo Min/RFA

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ မိုးကြီးနေတာကြောင့် မီးရထားသံလမ်းနဲ့ တံတားတွေ ရေမြုပ်နေတဲ့အတွက် မြစ်ကြီးနားနဲ့ မန္တလေး ရထားခရီးစဉ်တွေကို ရပ်နားထားရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ဘူတာမှာ မြစ်ကြီးနားဘက်သွားမယ့် ရထားနဲ့ မန္တလေးဘက်သွား မယ့်ရထားတွေ ဒီနေ့ကစပြီး ရပ်ထားရတယ်လို့ အင်းတော်မြို့ခံ ဦးလှသိန်းက ပြောပါတယ်။

"ဒီနေ့က ရထားအတက်အဆင်းမရှိဘူး ရပ်နေတယ်၊ ကားလိုင်းတွေလည်း အကုန်လုံးပိတ်ထားတယ်၊ ရေကြီး ပြီးတော့ သံလမ်းရေကျော်နေတော့ ယာဉ်မောင်းက ယာဉ်လုံခြုံရေးအတွက် စိတ်မချရလို့ အသွားအလာ မတွေ့ရဘူး၊ ခါတိုင်းလိုပဲ ရေကြီးတော့ အားလုံးဒုက္ခရောက်ကြမှာပါ၊ ဒုက္ခရောက်ပေမယ့် ကယ်ဆယ်ရေး ကတော့ ဘာဘာညာညာသိပ်မရှိပါဘူး"

ဇူလိုင်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေက နှစ်ရက်ဆက်တိုက် မိုးကြီးတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီးက ကန်ကြီးနဲ့ ဇော်ချောင်းဘူတာ မီးရထားလမ်းပိုင်းကြားနဲ့ ကချင်ပြည်နယ်အတွင်း မိုးကောင်းနဲ့ ဆားမှော်ဘူတာလမ်းပိုင်း သုံးနေရာလောက်မှာ ရထားသံလမ်းတွေ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။

မြစ်ကြီးနားကနေ ထွက်လာတဲ့ ရထားတွေနဲ့ မန္တလေးကနေထွက်လာတဲ့ ရထားတွေဟာလည်း မရမ်း၊ နမ္မတီး၊ နဘား၊ ဂျိုးတောင်၊ ကန့်ဘလူ၊ ကျွန်းလှ စတဲ့ဘူတာရုံတွေမှာ ရပ်နားထားရပါတယ်။

ကချင်ပြည်နယ်အတွင်းက မော်ဟန်၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း စတဲ့မြို့ရွာတွေနဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးထဲက အင်းတော်၊ နဘား၊ မဲဇာ၊ ဝန်းသို၊ ကောလင်းစတဲ့ ဒေသတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို မိုးရွာသွန်းနေတာပါ။

ဒ့ါအပြင် မိုးရွာသွန်းနေတာကြောင့် ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မနေ့ညက စတင်ရေကြီးနေပြီး ဒီနေ့ အိုးတန်းရပ်ကွက်က ဒုတိယတန်း ကျောင်းသူတစ်ဦးဟာ ရေနစ်မြုပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေကြီးနေတဲ့အတွက် မိုးကောင်းမြို့နယ်ဆေးရုံက လူနာတွေကို သာသနာ့ဗိဗ္မာန်ထဲမှာ ပြောင်းရွှေ့ထားရကြောင်း မိုးကောင်းမြို့နယ် NLD ပါတီလူငယ်ခေါင်းဆောင် ကိုဝင်းအောင်က ပြောပါတယ်။

ရေဘေးဒါဏ်ခံနေရသူတွေကို မိုးကောင်းမြို့နယ် NLD ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပြင် ဘာသာရေးအဖွဲ့အစည်းတချို ့က ထမင်းထုပ်တွေ လိုက်လံဝေငှနေတယ်လို့ သတင်းရရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org