ကချင်တိုင်းရင်သားနှစ်ဦး သတ်ဖြတ်ခံရမှု စုံစမ်းအရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
ကချင်ပြည်နယ်မှာ တိုင်းရင်းသားနှစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ အနေနဲ့ မြန်မြန်ဆန်ဆန် စုံစမ်းအရေးယူဖို့ ဒီအမှုနဲ့ ပတ်သက်ပြီး တရားမျှတအောင် ဆောင်ရွက် ဖို့ တောင်းဆိုခဲ့တဲ့၊ အသတ်ခံရသူတဦးရဲ့ မိသားစုဝင်တဦးအပေါ် စစ်တပ်က တရားစွဲဆိုထားတာကို လည်း ပြန်ရုပ်သိမ်းဖို့ Forify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
-
2018-04-19 -
-
-
မိုင်းခေါင်ကျေးရွာ KBC ဒုက္ခသည်စခန်း(၁)က ဦးဖော်ဂမ်ယော်နဲ့ ဦးနခွန်နော်ဆန်း တို့ပုံကို မြင်ရစဉ်
Photo: Khon Ja's Facebook
ကချင်ပြည်နယ်မှာ တိုင်းရင်းသားနှစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ မြန်မြန်ဆန်ဆန် စုံစမ်းအရေးယူဖို့ ဒီအမှု နဲ့ ပတ်သက်ပြီး တရားမျှတအောင် ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တဲ့၊ အသတ်ခံရသူတဦးရဲ့ မိသားစုဝင်တဦးအပေါ် စစ်တပ်က တရားစွဲဆိုထားတာကိုလည်း ပြန်ရုပ်သိမ်းဖို့ Forify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ အပြစ်လွတ်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး၊ ဒီအမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့အနေနဲ့ အစိုးရဆီက အကူအညီ မရရှိဘဲဖြစ်နေတာ ကလည်း ဒီလိုအမှုမျိုးတွေ ဆက်လက်ပေါ်ပေါက်နေအောင် လမ်းဖွင့်ပေးနေတာဖြစ်ကြောင်း Fortify Rights အကြီးအကဲ မက်သယူး စမစ် က ပြောပါတယ်။