ပန်းရဲ့လမ်းဂီတအဖွဲ့ ကချင်ပြည်နယ်မှာ ၃၈ သိန်း အလှူငွေရရှိ

ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်တွေအတွက် တေးဂီတဖျော်ဖြေပြီး အလှူငွေကောက်ခံနေတဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ဟာ မိုးညှင်း၊ နမ်းမားနဲ့ ဟိုပင်မြို့က ဖျော်ဖြေပွဲတွေမှာ အလှူငွေ ကျပ် ၃၈ သိန်း ရရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ကို တွေ့ရစဉ် Photo: KIO

ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်တွေအတွက် တေးဂီတဖျော်ဖြေပြီး အလှူငွေကောက်ခံနေတဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ဟာ မိုးညှင်း၊ နမ်းမားနဲ့ ဟိုပင်မြို့က ဖျော်ဖြေပွဲတွေမှာ အလှူငွေ ကျပ် ၃၈ သိန်း ရရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အဲဒီအလှူငွေတွေကို လုံးခင်းနဲ့ လိုင်ဇာက စစ်ပြေးဒုက္ခသည်တွေအတွက် ခွဲဝေပေးသွားမယ်လို့ ကချင်ပြည်နယ် ခရီးစဉ် စီစဉ်သူဖြစ်တဲ့ ဦးခင်မောင်ဝင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ကို မလာခင် ရှမ်းပြည်ခရီးစဉ်အတွင်း ရရှိခဲ့တဲ့ငွေနဲ့ဝယ်ခဲ့တဲ့ ဆန်အိတ် ၅၀၀ ကိုလည်း အခုခရီးစဉ်မှာ တပါတည်းလှူဒါန်းမှာ ဖြစ်ပါတယ်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ဟာ ဟိုပင်မြို့မှာ ဖျော်ဖြေအလှူခံပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လည်ပိုင်းမှာ ဖားကန့်မြို့နယ်ထဲက ဆိပ်မူ(ဆိုင်းတောင်)ရွာဘက်ကို စတင်ခရီးဆက်မှာဖြစ်ပါတယ်။

အခုခရီးစဉ်တစ်လျှောက် ကချင်ပြည်နယ် ဒေသခံတွေက ကြိုဆိုခဲ့ကြောင်းနဲ့ သက်ဆိုင်ရာဒေသခံ အာဏာပိုင်တွေကပါ အားပေးကူညီတာတွေရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org