ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ကိုဗစ်ကြောင့် ကွယ်လွန်

ကချင်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကချင်အမျိုးသားအစည်းအရုံး (KNO) ရဲ့ ဥက္ကဋ္ဌ ဒူဝါ ဘောလ်ဝမ်လရော်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားပြီလို့ KNO အဖွဲ့က ကချင်ဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။

ကချင်အမျိုးသားအစည်းအရုံး (KNO) ရဲ့ ဥက္ကဋ္ဌ ဒူဝါ ဘောလ်ဝမ်လရော် ကို တွေ့ရစဉ် Photo: CJ

ကချင်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကချင်အမျိုးသားအစည်းအရုံး (KNO) ရဲ့ ဥက္ကဋ္ဌ ဒူဝါ ဘောလ်ဝမ် လရော်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားပြီလို့ KNO အဖွဲ့က ကချင်ဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။

ဒူဝါဘောလ်ဝမ်လရော်ဟာ ကိုဗစ်ရောဂါကြောင့် အင်္ဂလန်နိုင်ငံ Bedford ဆေးရုံမှာ တက်ရောက်ကုသနေ ရာကနေ အောက်တိုဘာ ၁၆ ရက် မနေ့က နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO\KIA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကလည်း KNO ဥက္ကဋ္ဌ ကွယ်လွန် တာနဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ကချင်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။

ကချင်အမျိုးသားအစည်းအရုံး (KNO) ကို ၁၉၉၉ ခုနှစ်မှာ ကချင်နိုင်ငံရေးအဖွဲ့အစည်းအနေနဲ့ တည်ထောင် ထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ Kachin Political Interim Coordination Team KPICT တို့ကြား သဘောတူညီချက်နဲ့ ကချင်အစိုးရဖွဲ့မယ့် ထုတ်ပြန်ချက်အပြီး ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာ KNO က ကချင်ပြည်နယ် အစိုးရကို ဗမာနိုင်ငံရေးအင်အားစုတွေက လက်တွဲပြီးဖြစ်စေ၊ ဦးဆောင်ပြီးဖြစ်စေ၊ လက်အောက်ကဖြစ်စေ ဖွဲ့စည်းပေးဖို့ မလိုဘဲ ကချင်ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေး အဖွဲ့အစည်းတွေက လွတ်လပ်စွာ ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လအတွင်းမှာပဲ အထူးတပ်မဟာ ၁၀၈ ကို KNO က ဖွဲ့စည်းကြောင်း ကြေညာခဲ့ပေမယ့် KIO\KIA က‌ လက်မခံကြောင်း ပြန်ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org