ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံရေး ပါတီ အသီးသီးမှာ ပါဝင်ဆောင်ရွက်နေ တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက Vision of Peace ဆိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံ၏ မြောက်ဖက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ (Map: RFA) Map: RFA

ဒီ ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ ပထမဦးဆုံး သမ္မတဦးသိန်းစိန် ဆီကို စာရေးသားမှာ ဖြစ်တယ်လို့ အဖွဲ့ အတွင်းရေးမှူး ပူးရှန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး လူထုကို အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ချင်းအမျိုးသား တိုးတက်ရေးပါတီ CPP ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်တဲ့ ပူးရှန်းထွန်း က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ ဒါ့အပြင် ဒီအဖွဲ့မှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ တခြား တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org