ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် အမေရိကန် ဒေါ်လာ ၆၀၀၀ ကျော် လှူဒါန်း
ကချင်စစ်ပြေးဒုက္ခသည် နှစ်သောင်းကျော် အတွက် အမေရိကန် ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ စုပေါင်းပြီး ဒေါ်လာ ၆၀၀၀ ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
-
2011-09-11 -
-
-
ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလှုံလာတဲ့ ကချင် တိုင်းရင်းသား ဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလှုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။
KIO
ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျိလိမြို့က မြန်မာ တိုင်းရင်းသားတွေ၊ အဖွဲ့တွေနဲ့ ပြည်သူ့ဂုဏ်ရည် အသင်း (LA) တို့ စုပေါင်းပြီး ပထမဆုံး အကြိမ် ရံပုံငွေ ရှာဖွေပွဲကနေ စီစဉ် လှူဒါန်းတာ ဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည် (LA) တာဝန်ခံ ကိုဘိုဘိုက အာအက်ဖ်အေကို ပြောပါတယ်။
ကောက်ခံရရှိတဲ့ အလှုငွေကို ကချင် ဘုရှားရှစ်ခိုးကျောင်းကနေ တဆင့် ကချင် စစ်ပြေးဒုက္ခသည်တွေကို လှူဒါန်း ပေးအပ်သွားမယ်လို့ သိရပါတယ်။
ရံပုံငွေ ပွဲတော်မှာ တိုင်းရင်းသား ပေါင်းစုံ ရိုးရာအကတွေနဲ့ အစားအစာတွေကို ကျွေးမွေးဧည့်ခံခဲ့ ပါတယ်။