ကချင်ဒုက္ခသည်စခန်း သွေးလွန် တုပ်ကွေးဖြစ်ပွား၊ လူနာ ၂ဝဝ ကျော် အရေးပေါ်ဆေးဝါး လိုအပ်
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်က မဒုတ်ရာ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂ဝဝ ကျော်လောက် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ကုသ ဖို့ ဆေးဝါး ပြတ်လပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေ က ပြောပါတယ်။
-
2015-10-16 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်က မဒုတ်ရာ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂ဝဝ ကျော်လောက် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ကုသဖို့ ဆေးဝါး ပြတ်လပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေ က ပြောပါတယ်။
ဒုက္ခသည် ၂ဝဝ ကျော်ဟာ အိပ်ရာထဲလဲနေပြီး ဆေးဝါးတွေ ပြတ်လပ်နေတဲ့အတွက် စိုးရိမ်ရတယ်လို့ ကချင်နှစ်ခြင်း အသင်းတော် ပြန်ကြားရေးတာဝန်ခံ ဦးလမာယော် က ပြောပါတယ်။
"ဟိုတစ်နေ့ကကြားတာ ၁၇ဝ လောက်ပြောတယ်၊ အခု ၂ဝ၅ ယောက်က မထနိုင် လောက်အောင်ကို ဖျားနေ တယ်တဲ့၊ မိသားစုလုံးဖျားနေတော့ ထမင်းချက်ပေးမယ့် လူတောင်မရှိတဲ့ အခြေအနေရောက်နေ တယ်၊ ဆေးဝါးအကူအညီက အရင်တုန်းက ကျနော်တို့ ခိုးကြောင်ခိုးဝှက်နဲ့ ပို့ထားတဲ့ဆေးဝါးတွေက အခု ကုန်သွားပြီ၊ လောလောဆယ်ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေတဲ့ အခြေအနေရောက်နေတယ်"
ဝေဒနာခံစားနေရသူတွေကို KIA ကချင်လွတ်မြောက်ရေးတပ်မတော်၊ ကျန်းမာရေး ဌာနက အကူအညီပေးနေသလို ကချင်နှစ်ခြင်းအသင်းတော်အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ခေါ်ဆောင်သွားပြီး ကုသပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဒီဒုက္ခသည်စခန်းမှာ ရောက်ရှိနေသူအများစုဟာ ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် လလောက်က KIA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားရာ မှာ ထွက်ပြေးတိမ်းရှောင်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
မဒုတ်ရာဒုက္ခသည်စခန်းဟာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ ထဲက စခန်းတစ်ခုဖြစ်ပြီး ဒုက္ခသည် ၈၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
ဦးလမာယော် ကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။