ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။ photo courtesy of Kachinnet.net

တရုတ်အစိုးရက ကချင်ဒုက္ခသည် တစ်ထောင်လောက်ကို စစ်ပွဲဖြစ်နေရာ ဒေသတွေကို ပြန်ပို့ခဲ့ပြီး နောက်ထပ် လေးထောင်လောက်ကိုလည်း ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့HRW က ပြောဆိုထားပါတယ်။

တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်တွေနဲ့အညီ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Patrick Ventrell ကပြောပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေကိုရောက်မှ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ပြန်ရမှာ ဖြစ်သင့်တယ်လို့ အမေရိကန်အစိုးရက ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org