ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ HRW ထုတ်ပြန်ချက် တရုတ်အာဏာပိုင် ငြင်းဆို

မြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေ နယ်မြေ မအေးချမ်းမှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကချင်ပြည်နယ်ထဲ အတင်းအဓမ္မ ပြန်ခိုင်းတာမျိုး မလုပ်ခဲ့ဘူးလို့ တရုတ်နယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကချင်စစ်ပြေးဒုက္ခသည်များ၏ အခြေအနေ အစီအရင်ခံစာ ထုတ်ပြန်ပွဲတွင် HRW အဖွဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ရှင်းလင်း ပြောဆိုနေစဉ်။ RFA

ပြီးခဲ့တဲ့လအတွင်း ကချင်ပြည်နယ်က ဝင်ရောက်လာကြတဲ့ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်တဲ့ ကိစ္စတွေမှာ တရုတ်အာဏာပိုင်တွေက အကူအညီမပေးဘဲ နေရပ်ဒေသကို အဓမ္မပြန်ခိုင်းနေတယ်ဆိုတဲ့ စွပ်စွဲချက် အစီရင်ခံစာ တစ်စောင် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန် ပြောသွားတာပါ။

ဒေဟွန်းစီရင်စုက အစိုးရ အရာရှိတစ်ဦးက မြန်မာအစိုးရတပ်တွေနဲ့ ကချင် KIA လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေဖြစ်တဲ့ မနှစ် ဇွန်လ ကစပြီး ဒေဟွန်း စီရင်စုထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည် အရေအတွက် သိသိသာသာ မြင့်တက်လာတာ၊ ခွင့်ပြုကာလကျော်ပြီး နေတာမရှိကြောင်း၊ ဆွေမျိုးသားချင်း ရှိသူတွေသာ ခေတ္တခဏ လာရောက်ခိုလှုံကြပြီး ဟိုမှာ အခြေအနေ အေးသွားတဲ့အခါ နေရပ်ကို ပြန်သွားကြကြောင်း ပြောပါတယ် ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org