ကချင်ပြည်နယ်နေ့ အခမ်းအနားအမည်ကို မြစ်ကြီးနားမှာ ကန့်ကွက်ဆန္ဒပြ

လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်မနောပွဲတော်ဆိုပြီး မြန်မာလိုသာ ရေးသားတပ်ဆင်မှာကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့ဒေသခံတွေက ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြန်မာလို ရေးသားတပ်ဆင်မှာကို ၂၀၂၀ ဇန်နဝါရီ ၇ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကန့်ကွက်ဆန္ဒပြစဉ် Photo: Elizabeth/RFA

လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်မနောပွဲတော်ဆိုပြီး မြန်မာလိုသာ ရေးသားတပ်ဆင်မှာကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့ဒေသခံတွေက ဒီနေ့မနက်က ဆန္ဒပြခဲ့ ကြပါတယ်။

မြစ်ကြီးနားမြို့ မနောကွင်းရှေ့မှာ ကချင်းတိုင်းရင်းသား ၁၀၀ လောက် ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ကချင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကိစ္စတွေမှာ အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့၊ လူမျိုးရေး အစွန်းရောက် WGH ဖျက်သိမ်းရေး၊ ပြည်နယ်ရဲ့ အမည်နာမကို လူတစ်စုက ပြုပြင်ပြောင်း လဲခြင်းကို (လုံးဝ) လက်မခံ နိုင်ကြောင်းဆိုတာတွေကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

ကချင်းတိုင်းရင်းသားတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားမှာလည်း အမည်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိခဲ့ပေမယ့် အခမ်းအနားမကျင်းပခင်ရက်ပိုင်းအလိုမှာပဲ ဂျိန်းဖောမနောပွဲတော်ဆိုပြီး အမည်ပေး ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်က ကျင်းပတဲ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း တက်ရောက်ခဲ့ပြီး ဒီနှစ်ကျင်းပမယ့် ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကိုလည်း တက်ရောက်နိုင်ခြေရှိကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org