ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဖို့ မင်းကိုနိုင် တိုက်တွန်း

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ အရှိန်မြင့်တက်နေတာဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေယုံကြည်မှုပျက်စေတဲ့အတွက် စစ်ပွဲတွေရပ်စဲကြဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပသည့် လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာ၀ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။ Photo courtesy of 88 Generation Students

ပြီးခဲ့တဲ့ရက်တွေမှာ အထက်မြန်မာနိုင်ငံ မြို့ရွာတွေကို စာပေဟောပြောပွဲတွေသွားခဲ့တဲ့အခါမှာ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို ဒေသခံတွေ မေးမြန်းကြတဲ့အကြောင်းနဲ့ သူ့သဘောထား ပြန်လည်ပြောဆိုခဲ့တဲ့အကြောင်း ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

KIO ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနားမှာ အစိုးရတပ်တွေ ထိုးစစ်ဆင်နေတဲ့အတွက် ဒေသခံပြည်သူတွေအမြောက်အများ ထွက်ပြေးနေကြရတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာကို ရည်ညွှန်းပြောသွားပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ အခြားစာရေးဆရာတွေနဲ့အတူ ဒီရက်ပိုင်းတွေမှာ နယ်တွေလှည့်ပြီး စာပေဟောပြောတာတွေရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဟောပြောပွဲအတွေ့အကြုံကို  RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org