စစ်ဘေးဒုက္ခသည်တွေကို နယ်လှည့်ဆရာဝန်တွေ ဆေး ကုသပေး

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ နယ်လှည့်ဆရာဝန် ၁၃ ဦးက ဒီနေ့ကစပြီး ဒုက္ခသည်တွေကို အခမဲ့ဆေးကုသပေးနေ ပါတယ်။

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က နယ်လှည့်ဆေးကုသပေးနေမှုကို ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ လာရောက်ကြည့်ရှုစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နယ်လှည့်ဆရာဝန် ၁၃ ဦးက ဒီနေ့ကစပြီး ဒုက္ခသည်တွေကို အခမဲ့ဆေးကုသပေးနေပါတယ်။

ဆေးကုသပေးရင်းနဲ့ စစ်ဘေးဒုက္ခသည်တွေကို စိတ်အားမငယ်အောင် အားပေးတာဖြစ်တယ်လို့ နယ်လှည့်ဆရာ ဝန်တွေ ဆေးကုသနိုင်အောင် စီစဉ်ပေးသူတစ်ဦးဖြစ်တဲ့ မြို့မိမြို့ဖ ဦးခက်ထိန်နန်က ပြောပါတယ်။

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ခရစ်ယာန် နှစ်ခြင်းနဲ့ ကက်သလစ် အသင်းတော် ဒုက္ခသည်စခန်းတွေမှာ ဆရာဝန်တွေ ဆေးကုသပေးနေတာကို ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က လာရောက်ကြည့်ရှုပြီး အားပေးစကားပြောခဲ့ပါတယ်။

လတ်တလောမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကုသပေးမှာဖြစ်ပြီး ဗန်းမော်ခရိုင်၊ ဖားကန့်နဲ့ ချီဖွေမြို့နယ်တွေမှာလည်း ကွင်းဆင်းကုသပေးဖို့ စီစဉ်နေပါတယ်။

အဲဒီလိုဆေးကုသနိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့က စေတနာရှင် ဆရာဝန် ၁၃ ဦးနဲ့ အတူ ပြည်နယ်ကျန်းမာရေး ဌာနက ဆရာဝန်နဲ့ သူနာပြုတွေ ပူးပေါင်းပါဝင်ပြီး မြို့မိမြို့ဖတွေကလည်း ကူညီပေးတာဖြစ်ပါတယ်။

အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်းက ဒုက္ခသည်စခန်း တစ်ရာနီးပါးမှာ ဒုက္ခသည် လေးသောင်းကျော်ရှိပြီး တစ်ပြည်နယ်လုံးမှာဆိုရင် တစ်သိန်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org