အမေရိကန်ရောက် ကချင် တိုင်းရင်းသားများ ပြည်နယ် အမတ်တွေနဲ့ တွေ့ဆုံ

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ် ပွားတဲ့ သုံးနှစ်ပြည့်တဲ့နေ့မှာ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေက သက်ဆိုင်ရာပြည်နယ်တွေ လွှတ်တော်အမတ် ၂၉ ဦးကို အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံရေးအတွက် သတ်မှတ် ထားတဲ့ အထက်လွှတ်တော်မူကြမ်း အမှတ် ၁၈၈၅ ကို လွှတ်တော်ကျင်းပတဲ့အခါ ဥပဒေအဖြစ်ပြဌာန်း နိုင်အောင် ထောက်ခံပေးဖို့ မနေ့က တိုက်တွန်းလိုက် ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်ပွားတဲ့ သုံးနှစ်ပြည့်တဲ့နေ့မှာ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေက သက်ဆိုင်ရာပြည်နယ်တွေ လွှတ်တော်အမတ် ၂၉ ဦးကို အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံရေးအတွက် သတ်မှတ်ထားတဲ့ အထက်လွှတ်တော်မူကြမ်း အမှတ် ၁၈၈၅ ကို လွှတ်တော်ကျင်းပတဲ့အခါ  ဥပဒေအဖြစ်ပြဌာန်းနိုင်အောင် ထောက်ခံပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒီအကြောင်း အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားအဖွဲ့တွေအားလုံးကို ပေါင်းစည်းထားတဲ့ ကချင်မဟာမိတ်အဖွဲ့ ပြောခွင့်ရသူ ခွန်ဆွမ်က ပြောပြပါတယ်။

"ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်မှု ပြုလုပ်တဲ့ဟာတွေ တိုင်းရင်းသားဒေသတွေမှာ အဓမ္မပြုကျင့်တာတို့ အားလုံးလျော့ပါးသွားစေဖို့ အထက်လွှတ်တော်မူကြမ်း အမှတ် ၁၈၈၅ ကို ဥပဒေတစ်ခုဖြစ်ပေါ်လာဖို့ တိုက်တွန်းတာပါ"

ပြည်နယ်အသီးသီးက ကချင်တိုင်းရင်းသားတွေဟာ ပြည်တွင်းကအခြေအနေတွေကို သက်ဆိုင်ရာပြည်နယ်အမတ်တွေဆီ သွားရောက်တင်ပြတာပဲဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ်  Robert Menendez က အထက်လွှတ်တော်မူကြမ်း အမှတ် ၁၈၈၅ ကို ၂၀၁၃ ဒီဇင်ဘာလက တင်သွင်းထားပါတယ်။

ဒီ မူကြမ်းမှာ မြန်မာနိုင်ငံမှာ စစ်တပ်ပေါ် အရပ်ဘက်က ကြီးကြပ်နိုင်တာ၊ စစ်တပ်ကကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းတာ၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကို ရပ်ဆိုင်းပစ်တာတွေ ရှိရမယ်လို့ ပါရှိပါတယ်။ အဲဒါတွေနဲ့ မကိုက်ညီရင် ကာကွယ်ရေးဌာနက မြန်မာ-အမေရိကန် စစ်ရေးဆက်ဆံရေးအတွက် ရန်ပုံငွေလျာထားလို့ မရပါဘူး၊ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တာ၊  စစ်တပ်ကိုအရပ်ဘက်က လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေတွေဖြစ်အောင် ပြင်ဆင်တာ၊ နေရပ်ရွှေ့ပြောင်းရသူတွေအတွက် လူသားချင်းစာနာမှု အခြေအနေနဲ့ နေရာချထားရေးကိစ္စတွေကို ဖြေရှင်းပေးတာ၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဒါမှမဟုတ် နိုင်ငံရေးရင်ကြားစေ့ရေးအတွက် မြှင့်တင်ဆောင်ရွက်တာတွေလည်းပါရှိပါတယ်။

မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးမှတ်တမ်း တိုးတက်နေပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေကနေ တပ်ဖွဲ့တွေရုပ်သိမ်းရေး အရေးယူဆောင်ရွက်တာ ကျင့်ဝတ်စည်းကမ်းညီတာရှိပါတယ်ဆိုမှ စစ်ရေးဆက်ဆံရေးအတွက် ရန်ပုံငွေရရှိမှာလည်းဖြစ်ပါတယ်။

ဒီအကြောင်း ကချင်မဟာမိတ်အဖွဲ့ပြောခွင့်ရသူ ခွန်ဆွမ်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org