ကချင်ပြည်နယ် ဖားကန့်မှာ တိုက်ပွဲတွေပြန်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်း မြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု စပေါ်ကျေးရွာနားမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်ရင်း ၆ တပ်တွေအကြား ဒီလ ၈ ရက်နေ့က တစ်ကြိမ်၊ ၁၀ရက်နေ့က တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ Photo: Kachin News Group

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု စပေါ်ကျေးရွာနားမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်ရင်း ၆ တပ်တွေအကြား ဒီလ ၈ ရက်နေ့က တစ်ကြိမ်၊ ၁၀ရက်နေ့က တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကေ အိုင်အေ တပ်ရင်း ၆ တာဝန်ခံ ဗိုလ်မှူးတန်ဆန့်က အခုလို ပြောပါတယ်။

"အကြမ်းဖျင်းတော့ ကျနော်တို့ရဲ့စခန်းကို သူတို့ဝင်လာ တယ် ဝင်တိုက်တယ်ပေါ့ဗျာ၊ ကျနော်တို့ တပ်ရင်း ၆ ပေါ့၊ ဟိုဘက်ကတော့ တပ်မ ၆၆ လက်အောက်ခံ၊ ကျနော်တို့ ကတော့ ကျနော်တို့ နယ်မြေမှာ ကျနော်တို့ နေတာလေ၊ သူတို့က နယ်မြေစိုးမိုးရေးဆိုပြီး ကျနော်တို့ နယ်ထဲဝင် လာပြီးမှ ဖြစ်သွားတဲ့ကိစ္စပါ"

အဲ့ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် အစိုးရနဲ့ ကေအိုင်အေတို့က အသေးစိတ် မထုတ်ပြန်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org