ကချင်ပြည်နယ်ကို ကမ္ဘာ့ အမွေအနှစ်အဖြစ် ထားရှိဖို့ မြသားကွန်ယက်အဖွဲ့ ကြိုးစားနေ

မြသားကွန်ယက်အဖွဲ့ Green Network ဟာ ဧရာဝတီမြစ်ဆုံ အပါအဝင် ကချင်ပြည်နယ် တစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းရမယ့် နေရာအဖြစ် သတ်မှတ်အောင် တင်ပြမယ်လို့ Green Network အဖွဲ့ကို ဦးဆောင်တဲ့ ဆရာကြီး ဦးအုန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဧရာဝတီမြစ်ဆုံ တစ်နေရာဖြစ်ပါသည်။ Photo Courtesy of Soe Win Nyein

မြန်မာ့ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို ထိန်းသိမ်းကာကွယ်ဖို့ ဆောင်ရွက်လိုစိတ်ရှိသူတွေ စုပေါင်းပါဝင်တဲ့ Green Network မြသားကွန်ယက်အဖွဲ့ဟာ ဧရာဝတီမြစ်ဆုံ အပါအဝင် ကချင်ပြည်နယ် တစ်ခုလုံးကို UNESCO ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကနေ world heritage လို့ပြောတဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် တစ်သက်လုံး မပျောက်ပျက်ဖို့ ထိန်းသိမ်းရမယ့် နေရာအဖြစ် သတ်မှတ်နိုင်အောင် ကြိုးစားနေပါတယ်။

ကမ္ဘာ့ သစ်တောတွေ၊ တောင်တန်းတွေ၊ ရေကန်တွေ၊ မြစ်ချောင်းတွေ၊ သဲကန္တာရတွေ မပျောက်ပျက်ရအောင် UNESCO က ကမ္ဘာ့အမွေအနှစ် နေရာတွေအဖြစ် သတ်မှတ်တာမို့ bio diversity ဇီဝမျိုးစုံမျိုးကွဲ အမျိုးမျိုးရှိတဲ့ ကချင်ပြည်နယ်ကိုလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ပတ်ဝန်းကျင် မြတ်နိုးသူတွေက စီစဉ်နေတာပါ။

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံဒေသကို ပထမဦးစားပေးထားပြီး ဒုတိယအနေနဲ့ တနင်္သာရီတိုင်း ထားဝယ်၊ တတိယအနေနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကိစ္စတွေမှာ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးအတွက် ဆောင်ရွက်ဖို့ ရှိတယ်လို့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဆရာကြီး ဦးအုန်းက ပြောပါတယ်။

ကချင် တစ်ပြည်နယ်လုံးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထားရှိဖို့ Green Network အဖွဲ့က ကြိုးစားနေတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org