မူးယစ်ဆေးဝါးတိုက်ဖျက်ရေး KIO တိုးမြှင့်လာ
စစ်အစိုးရ အာဏာပိုင်တွေရဲ့ နယ်မြေ ကန့်သတ်ချက်တွေနဲ့ အတားအဆီး ဂိတ်တွေကြောင့် KIO ကချင် လွတ်မြောက်ရေးအဖွဲ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ KIO အဖွဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး ကော်မတီဝင်တဦးက ထုတ်ဖော် ပြောဆိုပါတယ်။
-
2011-02-22 -
-
-
Your browser doesn’t support HTML5 audio
KIO အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးစီမံချက်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့က စပြီး ဆောင်ရွက်ရာမှာ စစ်အစိုးရဖက်က ပူးပေါင်းကူညီမှု မရသလို အောက်ခြေအဆင့်က အနှောင့်အယှက်ပေးတာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ KIO အနေနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း အတိုင်းအတာတခု အထိ အောင်မြင်ပါကြောင်း KIO မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး နော်ဘုူးက ပြောပါတယ်။
“အဲ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူတွေကို အယောက် ၉၈၁ ယောက်ကို ကျွန်တော်တို့ မူးယစ်ဆေးဝါး ချက်ပေးတဲ့ အနေအထားမှာ ရှိပါတယ်။ နောက် ရောင်းဝယ် ဖောက်ကားတဲ့ စီးပွားရေး လုပ်တဲ့ ၁၂၇ ဦးကို ကျွန်တော်တို့ ဖမ်းဆီးပြီးမှ သူတို့ကိုလည်း ကျွန်တော်တို့က အရေးယူတဲ့ အပိုင်း ရှိပါတယ်။ ဘိန်းစိုက်ခင်းပေါ့၊ ဧကပေါင်း ၆,၅၇၄ ဧကကို ကျွန်တော်တို့ ဘိန်းခင်းတွေကို ဖျက်ဆီးပြီးမှ ကျွန်တော်တို့ တပ်စွဲပြီးမှ စွန့်နေတဲ့ အနေအထားထိ ကျွန်တော်တို့ လုပ်နိုင်တာက လုပ်ပြီးသား လုပ်နိုင်တဲ့ အောင်မြင်မှုတခုလို့ ပြောလို့ရပါတယ်။”
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ဒေသခံ ပြည်သူတွေရဲ့ ပုူူးပေါင်း ကူညီမှုဟာ အရေးကြီးတဲ့ အချက်တချက် ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူးက ပြောပါတယ်။ အလားတူ အပြည်ပြည်ဆိုင်ရာရဲ့ ဖိအားပေးမှုနဲ့ အကူအညီဟာလည်း အရေးကြီးကြောင်း ဘိန်းစိုက်တောင်သူတွေကို ဘိန်းအစားထိုး သီးနှံအတွက် အကူအညီတွေ ပေးဖို့လည်း လိုတယ်လို့ ဆိုပါတယ်။
KIO အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို အားသွန်ခွန်စိုက် လုပ်ကိုင် ပြသနေခြင်းဟာ စစ်အစိုးရက မူးယစ်ဆေးဝါးကို အကြောင်းပြပြီး ဝင်ရောက် တိုက်ခိုက်တာမျိုး လုပ်ဆောင်နိုင်တာကြောင့်လို့ သုံးသပ်နေတာလည်း ရှိပါတယ်၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်နေ့က မန်ဝိန်းဒေသမှာ KIO နဲ့ စစ်အစိုးရတပ်တွေ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်အစိုးရတပ်က ဘိန်းခင်းဖျက်ဖို့ KIO နယ်မြေထဲ ဝင်ရောက်တာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်၊
KIO ရဲ့ မူးယစ်ဆေး နှိမ်နင်းရေး စီမံကိန်းနဲ့ ပတ်သက်ပြီး KIO မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး နော်ဘူးကို RFA မှ ဦးတင်အောင်ခိုင် က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |